ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုကို ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီပေါင်း(၂၆)ခုက ဆန့်ကျင်ရှုတ်ချ
NP News - ဒီဇင်ဘာ ၂၄
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုကို ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီပေါင်း (၂၆)ခုမှ ဆန့်ကျင်ရှုတ်ချကြောင်း သဘော ထားထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ(၂၆)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်)တွင် ထုတ်ပြန် ကြေညာထားသည်။
မြန်မာနိုင်ငံ၏ အခြေအနေသည် ပြည်တွင်းရေးကိစ္စမျှသာဖြစ်ကြောင်း နိုင်ငံရေးပါတီ(၂၆)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် အကြမ်းဖက်မှုများရပ်တန့်ရန် တောင်းဆိုထားကြောင်းတွေ့ရှိရပြီး မြန်မာနိုင်ငံတွင် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အဖွဲ့များက ရဟန်းသံဃာများ၊ အလွှာအသီးသီးမှ အပြစ်မဲ့ လူထု လူတန်းစားများ၊ အမျိုးသမီးများအား ရက်စက်စွာသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အ ဆောက်အဦးများအား ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုများကို နိုင်ငံ တော်လုံခြုံရေးအဖွဲ့အစည်းများက ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့် ရှောက်နေသည့်အခြေအနေများကို မျက်ကွယ်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ အမျိုးသားရေးစရိုက်လက္ခဏာစသည်တို့ကို ထည့်သွင်းစဉ်စားခြင်းမပြုဘဲ အမှန်တရားကို မျက်ကွယ်ပြုထားသောအချက်များပါဝင်ကြောင်း တွေ့ရှိရသည်ဟု လည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ဒီဇင်ဘာလ ၂၁ ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အဆိုအပေါ် လုံးဝလက်မခံကြောင်းနှင့် ဆန့်ကျင်ရှုတ်ချကြောင်း သဘောထားကြေညာထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ပါအချက်များသည် မြန်မာနိုင်ငံတည် ငြိမ်အေးချမ်းရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ နိုင်ငံရေးသွတ် သွင်းရန် ရည်ရွယ်ထားသည့်အချက်များကိုသာ ဦးစားပေးထားကြောင်း တွေ့ရှိရ သည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။

zawgyi version
ကုလလုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္အဆိုကို ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ပါတီေပါင္း(၂၆)ခုက ဆန႔္က်င္ရႈတ္ခ်
NP News - ဒီဇင္ဘာ ၂၄
ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္အဆိုကို ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ပါတီေပါင္း (၂၆)ခုမွ ဆန႔္က်င္ရႈတ္ခ်ေၾကာင္း သေဘာ ထားထုတ္ျပန္ခဲ့သည္။
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ(၂၆)ပါတီ၏ ပူးတြဲသေဘာထားထုတ္ျပန္ခ်က္ကို ယေန႔ (ဒီဇင္ဘာလ ၂၄ ရက္)တြင္ ထုတ္ျပန္ ေၾကညာထားသည္။
ျမန္မာႏိုင္ငံ၏ အေျခအေနသည္ ျပည္တြင္းေရးကိစၥမွ်သာျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီ(၂၆)ပါတီ၏ ပူးတြဲသေဘာထားထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ လုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္မ်ားတြင္ အၾကမ္းဖက္မႈမ်ားရပ္တန႔္ရန္ ေတာင္းဆိုထားေၾကာင္းေတြ႕ရွိရၿပီး ျမန္မာႏိုင္ငံတြင္ NUG၊ CRPH ႏွင့္ ၎တို႔၏ လက္ေဝခံ PDF အဖြဲ႕မ်ားက ရဟန္းသံဃာမ်ား၊ အလႊာအသီးသီးမွ အျပစ္မဲ့ လူထု လူတန္းစားမ်ား၊ အမ်ိဳးသမီးမ်ားအား ရက္စက္စြာသတ္ျဖတ္ျခင္း၊ ႏိုင္ငံပိုင္အ ေဆာက္အဦးမ်ားအား ေဖာက္ခြဲဖ်က္ဆီးျခင္းစသည့္ အၾကမ္းဖက္မႈမ်ားကို ႏိုင္ငံ ေတာ္လုံၿခဳံေရးအဖြဲ႕အစည္းမ်ားက ဥပေဒႏွင့္အညီ ထိန္းသိမ္းကာကြယ္ေစာင့္ ေရွာက္ေနသည့္အေျခအေနမ်ားကို မ်က္ကြယ္ျပဳထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္မ်ားတြင္ ျမန္မာႏိုင္ငံ၏ ေနာက္ခံသမိုင္းေၾကာင္း၊ အမ်ိဳးသားေရးစ႐ိုက္လကၡဏာစသည္တို႔ကို ထည့္သြင္းစဥ္စားျခင္းမျပဳဘဲ အမွန္တရားကို မ်က္ကြယ္ျပဳထားေသာအခ်က္မ်ားပါဝင္ေၾကာင္း ေတြ႕ရွိရသည္ဟု လည္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ဒီဇင္ဘာလ ၂၁ ရက္က က်င္းပခဲ့သည့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီအစည္းအေဝး၌ ျမန္မာႏိုင္ငံဆိုင္ရာလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္အဆိုအေပၚ လုံးဝလက္မခံေၾကာင္းႏွင့္ ဆန႔္က်င္ရႈတ္ခ်ေၾကာင္း သေဘာထားေၾကညာထားသည္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္ပါအခ်က္မ်ားသည္ ျမန္မာႏိုင္ငံတည္ ၿငိမ္ေအးခ်မ္းေရးအတြက္ အျပဳသေဘာ အက်ိဳးျဖစ္ထြန္းမႈမရွိေစဘဲ ႏိုင္ငံေရးသြတ္ သြင္းရန္ ရည္႐ြယ္ထားသည့္အခ်က္မ်ားကိုသာ ဦးစားေပးထားေၾကာင္း ေတြ႕ရွိရ သည္ဟုလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ထားသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
အမေရိကန်နိုင်ငံတစ်ဝှမ်း ပြင်းထန်တဲ့ ဆောင်းရာသီ မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားနေ