မြန်မာနိုင်ငံအတွင်း၌ ကလေးများကို ရောင်းစားသည့် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိနေဟု ရဲမှူးချုပ်ပြော
မျိုးကြီး - NP News
မြန်မာနိုင်ငံအတွင်း၌ ကလေးများကို ရောင်းစားသည့် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိနေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ်မြင့်ထူးက ပြောသည်။
ရဲမှူးချုပ်မြင့်ထူးက ဒီဇင်ဘာလ ၁၅ ရက်တွင် ပြုလုပ်သော မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်းမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ဒေသတွင်း၌ လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အသိပညာနည်းပါးခြင်း၊ အလုပ်အကိုင်ဆိုင်ရာသတင်းအချက်အလက်အပြည့်အစုံမရရှိခြင်း၊ ယုံကြည်လွယ်ခြင်းတို့ ကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် နိုင်ငံများအကြားတွင် ကျင့်သုံးသော ဥပဒေစနစ်မတူညီခြင်း၊ ဆိုက်ရောက်နိုင်ငံများ၏ တရားမဝင်လုပ်သားလိုအပ်ချက်များပြားခြင်း နှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းချုပ်နိုင်မှုအားနည်းခြင်းတို့ကြောင့်လည်း လူကုန်ကူးမှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရဲမှူးချုပ်မြင့်ထူးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားလေ့ရှိသည့် လူကုန်ကူးမှုပုံစံများမှာ အဓမ္မထိမ်းမြားလက်ထပ်မှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မစေခိုင်းမှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်း ရဲမှူးချုပ်မြင့်ထူးက အသိပေးပြောဆို ထားသည်။ ထို့ပြင် အဓမ္မမွေးစားမှု၊ အငှားကိုယ်ဝန်ဆောင်မှု၊ ကလေးရောင်းစားမှု၊ လိင်ပိုင်းဆိုင် ရာခေါင်းပုံဖြတ်မှုစသော လူကုန်ကူးမှုဖြစ်စဉ်များမှာလည်း မြန်မာနိုင်ငံအတွင်း ဖြစ် ပွားလျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုထားသည်။မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အချို့၌ ကလေးငယ်များ ရုတ်တရက်ပျောက်ဆုံးနေသည့် ဖြစ်စဉ်များမှာ ယခုရက်ပိုင်းအတွင်း ရှိခဲ့သည်ကို တွေ့ရသည်။
zawgyi version
ျမန္မာႏိုင္ငံအတြင္း၌ ကေလးမ်ားကို ေရာင္းစားသည့္ လူကုန္ကူးမႈျဖစ္စဥ္မ်ား ျဖစ္ပြားလ်က္ရွိေနဟု ရဲမႉးခ်ဳပ္ေျပာ
မ်ိဳးႀကီး - NP New
sျမန္မာႏိုင္ငံအတြင္း၌ ကေလးမ်ားကို ေရာင္းစားသည့္ လူကုန္ကူးမႈျဖစ္စဥ္မ်ား ျဖစ္ပြားလ်က္ရွိေနေၾကာင္း ျမန္မာႏိုင္ငံ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕မႉး၊ ရဲမႉးခ်ဳပ္ျမင့္ထူးက ေျပာသည္။
ရဲမႉးခ်ဳပ္ျမင့္ထူးက ဒီဇင္ဘာလ ၁၅ ရက္တြင္ ျပဳလုပ္ေသာ မဲေခါင္ျမစ္ဝွမ္းေဒသတြင္း လူကုန္းမႈပူးေပါင္းတိုက္ဖ်က္ေရးစီမံကိန္း အစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ေဒသတြင္း၌ လူကုန္ကူးမႈျဖစ္ပြားရျခင္း၏ အဓိကအေၾကာင္းရင္းမွာ အလုပ္အကိုင္အခြင့္အလမ္းနည္းပါးျခင္း၊ ဆင္းရဲႏြမ္းပါးျခင္း၊ အသိပညာနည္းပါးျခင္း၊ အလုပ္အ ကိုင္ဆိုင္ရာသတင္းအခ်က္အလက္အျပည့္အစုံမရရွိျခင္း၊ ယုံၾကည္လြယ္ျခင္းတို႔ ေၾကာင့္ျဖစ္ေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ ႏိုင္ငံမ်ားအၾကားတြင္ က်င့္သုံးေသာ ဥပေဒစနစ္မတူညီျခင္း၊ ဆိုက္ေရာက္ႏိုင္ငံမ်ား၏ တရားမဝင္လုပ္သားလိုအပ္ခ်က္မ်ားျပားျခင္း ႏွင့္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားကို ထိန္းခ်ဳပ္ႏိုင္မႈအားနည္းျခင္းတို႔ေၾကာင့္လည္း လူကုန္ကူးမႈမ်ား ျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း ရဲမႉးခ်ဳပ္ျမင့္ထူးက ေျပာသည္။လက္ရွိ ျမန္မာႏိုင္ငံအတြင္း၌ ျဖစ္ပြားေလ့ရွိသည့္ လူကုန္ကူးမႈပုံစံမ်ားမွာ အဓမၼထိမ္းျမားလက္ထပ္မႈ၊ အဓမၼျပည့္တန္ဆာျပဳမႈ၊ အဓမၼေစခိုင္းမႈ၊ ေႂကြးၿမီျဖင့္ေႏွာင္ဖြဲ႕ခိုင္းေစမႈျဖစ္စဥ္မ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း ရဲမႉးခ်ဳပ္ျမင့္ထူးက အသိေပးေျပာဆို ထားသည္။
ထို႔ျပင္ အဓမၼေမြးစားမႈ၊ အငွားကိုယ္ဝန္ေဆာင္မႈ၊ ကေလးေရာင္းစားမႈ၊ လိင္ပိုင္းဆိုင္ ရာေခါင္းပုံျဖတ္မႈစေသာ လူကုန္ကူးမႈျဖစ္စဥ္မ်ားမွာလည္း ျမန္မာႏိုင္ငံအတြင္း ျဖစ္ ပြားလ်က္ရွိေၾကာင္း ၎က ထည့္သြင္းေျပာဆိုထားသည္။ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ကေလးငယ္မ်ား ႐ုတ္တရက္ေပ်ာက္ဆုံးေနသည့္ ျဖစ္စဥ္မ်ားမွာ ယခုရက္ပိုင္းအတြင္း ရွိခဲ့သည္ကို ေတြ႕ရသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံနှင့် စေတီများကို အမြန်ဆုံးပြန်လည် ပြင်ဆင်မည်