• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
ဂျပန်နိုင်ငံရှိ စက်ရုံ၊ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား(၆ဝဝ)ကျော် ခေါ်ယူသွားမည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံး ထုတ်ပြန်

ယွန်း - NP News

ဂျပန်နိုင်ငံရှိ စက်ရုံ၊ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှ အလုပ် သမား (၆ဝဝ)ကျော် ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဒီဇင်ဘာလ(၁၅)ရက်၊ နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့ စိစစ်ရာတွင် အလုပ်ခေါ်သည့် ကုမ္ပဏီနှင့် စက်ရုံများသည် ဂျပန်နိုင်ငံတွင် တည်ထောင်ထားခြင်းရှိ/မရှိကို စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ဒီဇင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ(၂၄၃)ခု ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ အလုပ်ကမ်းလှမ်းစာ(၂၄၃)ခုအရ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံမှ အမျိုးသား(၃၁၇)ဦး နှင့် အမျိုးသမီး(၃၁၈)ဦး စုစုပေါင်း(၆၃၅)ဦးကို ခေါ်ယူသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။


zawgyi version

ဂ်ပန္ႏိုင္ငံရွိ စက္႐ုံ၊ ကုမၸဏီမ်ားတြင္ အလုပ္လုပ္ကိုင္ရန္ ျမန္မာလုပ္သား(၆ဝဝ)ေက်ာ္ ေခၚယူသြားမည္ဟု တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံး ထုတ္ျပန္

ယြန္း - NP News

ဂ်ပန္ႏိုင္ငံရွိ စက္႐ုံ၊ ကုမၸဏီမ်ားတြင္ အလုပ္လုပ္ကိုင္ရန္ ျမန္မာႏိုင္ငံမွ အလုပ္ သမား (၆ဝဝ)ေက်ာ္ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ဒီဇင္ဘာလ(၁၅)ရက္၊ ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။အလုပ္သမားဝန္ႀကီးဌာနက ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ ေပးပို႔လာသည့္ အလုပ္ကမ္းလွမ္းစာမ်ားကို ျမန္မာသံ႐ုံး၊ တိုက်ိဳၿမိဳ႕အေနျဖင့္ အခ်ိန္ႏွင့္တစ္ေျပးညီ စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔ စိစစ္ရာတြင္ အလုပ္ေခၚသည့္ ကုမၸဏီႏွင့္ စက္႐ုံမ်ားသည္ ဂ်ပန္ႏိုင္ငံတြင္ တည္ေထာင္ထားျခင္းရွိ/မရွိကို စာ႐ြက္စာတမ္း အေထာက္အထားမ်ား စိစစ္ၿပီး ေတြ႕ရွိခ်က္မ်ားႏွင့္ သေဘာထားမွတ္ခ်က္မ်ားကို ႏိုင္ငံျခားေရးဝန္ႀကီးမွ တစ္ဆင့္ အလုပ္သမားဝန္ႀကီးဌာနသို႔ ျပန္လည္ေပးပို႔လ်က္ရွိေၾကာင္း သိရသည္။တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ဒီဇင္ဘာလ(၁)ရက္မွ (၁၅)ရက္အတြင္း စိစစ္ၿပီး ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနသို႔ေပးပို႔ျပန္ၾကားခဲ့သည့္ အလုပ္ကမ္းလွမ္းစာ(၂၄၃)ခု ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ အလုပ္ကမ္းလွမ္းစာ(၂၄၃)ခုအရ ဂ်ပန္ႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ႏိုင္ရန္ ျမန္မာႏိုင္ငံမွ အမ်ိဳးသား(၃၁၇)ဦး ႏွင့္ အမ်ိဳးသမီး(၃၁၈)ဦး စုစုေပါင္း(၆၃၅)ဦးကို ေခၚယူသြားမည္ျဖစ္ေၾကာင္း တိုက်ိဳၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထား သည္။

Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

မြန်မာနိုင်ငံအတွင်း၌ ကလေးများကို ရောင်းစားသည့် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိနေဟု ရဲမှူးချုပ်ပြော

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved