ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆန်းတွင် မိုးရွာသွန်းနိုင်ဟုဆို
ယွန်း (NP News) – ဧပြီ ၂၅
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆန်းပိုင်းတွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းမှ ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အချို့ဒေသများတွင် အပူပျံတက်တိမ်များကြောင့် မိုးရွာသွန်းမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
“ဒီကာလမှာကတော့ ရာသီဥတုက ပူမယ် ပြီးရင် အပူပျံတက်တိမ်တွေရဲ့ နောက်ဆက်တွဲဖြစ်စဥ်တွေကြောင့် မိုးထစ်ချုန်းရွာမယ်၊ လေပြင်းတိုက်တာတွေဖြစ်တယ်။ မိုးရပ်သွားတဲ့အချိန်ကျရင် ပြန်ပူလာမယ်” ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းမှဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ မိုးထစ်ချုန်းရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး နေပြည်တော်၊ လယ်ဝေးမြို့တွင်လည်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။
အဆိုပါဖြစ်စဥ်များသည် အပူချိန်မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မိုးရွာသွန်းမှု ပြီးဆုံးချိန်တွင် ယခင်အတိုင်း အပူချိန် ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
အလားတူ ရန်ကုန် အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌လည်း လာမည့် မေလဆန်းပိုင်းခန့်တွင် မိုးရွာသွန်းနိုင်ကြောင်း ဦးလှထွန်းမှ ဆက်လက်ပြောဆိုထားသည်။
“ရန်ကုန်တို့၊ မြစ်ဝကျွန်းပေါ်ဒေသတို့မှာတော့ မေလဆန်းပိုင်းလောက်မှာ မိုးရွာနိုင်ပါတယ်။ မုတ်သုံက တော့ မေလလယ်ပိုင်းလောက်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကနေ အရင်ဆုံးဝင်နိုင်တယ်။ လောလော ဆယ်တော့ အရင်တိုင်းပဲ ပူဦးမှာပေါ့။ အခုကတော့ အထက်ပိုင်းတွေမှာပဲ မိုးတွေကရွာနေတာလေ။ ရွာတာကလဲ ပုံမှန်မိုးရွာတာမဟုတ်ပါဘူး”ဟု ဆိုသည်။
ထို့ပြင် အပူပျံတက်တိမ်များကြောင့် ဖြစ်ပေါ်လာသည့် မိုးထစ်ချုန်းရွာသွန်းခြင်းအပြင် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ကိုလည်း သတိပြု၍ နေထိုင်စေလိုကြောင်း ၎င်းမှ သတိပေးပြောဆိုထားသည်။
zawgyi version
ရန္ကုန္အပါအဝင္ ျမစ္ဝကြၽန္းေပၚေဒသမ်ား၌ လာမည့္ ေမလဆန္းတြင္ မိုး႐ြာသြန္းႏိုင္ဟုဆို
ယြန္း (NP News) – ဧၿပီ ၂၅
ရန္ကုန္အပါအဝင္ ျမစ္ဝကြၽန္းေပၚေဒသမ်ား၌ လာမည့္ ေမလဆန္းပိုင္းတြင္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းမွ ဆိုသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံတစ္ဝန္းလုံး၌ အပူခ်ိန္ျမင့္တက္မႈမ်ား ျဖစ္ေပၚလ်က္ရွိၿပီး အခ်ိဳ႕ေဒသမ်ားတြင္ အပူပ်ံတက္တိမ္မ်ားေၾကာင့္ မိုး႐ြာသြန္းမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။
“ဒီကာလမွာကေတာ့ ရာသီဥတုက ပူမယ္ ၿပီးရင္ အပူပ်ံတက္တိမ္ေတြရဲ႕ ေနာက္ဆက္တြဲျဖစ္စဥ္ေတြေၾကာင့္ မိုးထစ္ခ်ဳန္း႐ြာမယ္၊ ေလျပင္းတိုက္တာေတြျဖစ္တယ္။ မိုးရပ္သြားတဲ့အခ်ိန္က်ရင္ ျပန္ပူလာမယ္” ဟု မိုးဇလမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းမွဆိုသည္။
ၿပီးခဲ့သည့္ရက္ပိုင္းတြင္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အခ်ိဳ႕၌ မိုးထစ္ခ်ဳန္း႐ြာသြန္းမႈႏွင့္ ေလျပင္းတိုက္ခတ္မႈမ်ားျဖစ္ေပၚခဲ့ၿပီး ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕တြင္လည္း ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ေသဆုံးသူမ်ားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိခဲ့သည္။
အဆိုပါျဖစ္စဥ္မ်ားသည္ အပူခ်ိန္ျမင့္မားျခင္းေၾကာင့္ ျဖစ္ေပၚလာျခင္းျဖစ္ၿပီး မိုး႐ြာသြန္းမႈ ၿပီးဆုံးခ်ိန္တြင္ ယခင္အတိုင္း အပူခ်ိန္ ဆက္လက္ျမင့္မားေနမည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
အလားတူ ရန္ကုန္ အပါအဝင္ ျမစ္ဝကြၽန္းေပၚေဒသမ်ား၌လည္း လာမည့္ ေမလဆန္းပိုင္းခန႔္တြင္ မိုး႐ြာသြန္းႏိုင္ေၾကာင္း ဦးလွထြန္းမွ ဆက္လက္ေျပာဆိုထားသည္။
“ရန္ကုန္တို႔၊ ျမစ္ဝကြၽန္းေပၚေဒသတို႔မွာေတာ့ ေမလဆန္းပိုင္းေလာက္မွာ မိုး႐ြာႏိုင္ပါတယ္။ မုတ္သုံက ေတာ့ ေမလလယ္ပိုင္းေလာက္မွာ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသကေန အရင္ဆုံးဝင္ႏိုင္တယ္။ ေလာေလာ ဆယ္ေတာ့ အရင္တိုင္းပဲ ပူဦးမွာေပါ့။ အခုကေတာ့ အထက္ပိုင္းေတြမွာပဲ မိုးေတြက႐ြာေနတာေလ။ ႐ြာတာကလဲ ပုံမွန္မိုး႐ြာတာမဟုတ္ပါဘူး”ဟု ဆိုသည္။
ထို႔ျပင္ အပူပ်ံတက္တိမ္မ်ားေၾကာင့္ ျဖစ္ေပၚလာသည့္ မိုးထစ္ခ်ဳန္း႐ြာသြန္းျခင္းအျပင္ ေလျပင္းတိုက္ျခင္း၊ မိုးႀကိဳးပစ္ျခင္းႏွင့္ မိုးသီးေႂကြျခင္းတို႔ကိုလည္း သတိျပဳ၍ ေနထိုင္ေစလိုေၾကာင္း ၎မွ သတိေပးေျပာဆိုထားသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလာဟုဆို