ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆက်တိုက်ဖြစ်ပွား
Pearl (NP News) - မတ် ၁၆
ပဲခူးတိုင်းဒေသကြီးအတွင်း မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ကြိုးဆွဲချအဆုံးစီရင်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယမန်နေ့ (မတ်လ ၁၅ ရက်) ၊ ညနေပိုင်းတွင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၊ သဲကုန်းကြီးကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ကို အကြောင်းကြားတာကတော့ ညနေ(၄)နာရီလောက်ပါ၊ ကျွန်တော်တို့ရောက်သွားတော့ ကြိုးမဖြုတ်ရသေးဘူး ၊ လူကတော့ မဲပြာနေပြီ။ ခဏနေတော့ တာဝန်ရှိသူတွေက ကြိုးဖြုတ်ပေးတယ်၊ ပြီးတော့ ကျွန်တော်တို့ ကြို့ပင်ကောက်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးတယ်၊ စစ်ဆေးမှုတွေပြုလုပ်ပြီးတော့ အလောင်းကို သူ့ရွာကိုပဲ ပြန်ပို့ပေးလိုက်ပါတယ်" ဟု ကြို့ပင်ကောက် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
သေဆုံးသူ ကိုဆန်းလင်းအောင် (၂၄)နှစ်သည် ၎င်း၏ နေအိမ်၌ ကြိုးဆွဲချအဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး လသား အရွယ် ကလေးငယ်တစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့(မတ်လ ၁၆ ရက်) ၊ နံနက် (၁)နာရီ အချိန်ခန့်တွင် ပြည်မြို့၊ ပွင့်လှသိမ်ကုန်းရပ်(အရှေ့)၊ လမ်းသွယ်(၂)လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ညက(၁)နာရီလောက်ဖြစ်တာ၊ ကျွန်တော်တို့ရောက်သွားတော့ ရဲတွေလည်း မရောက်သေးဘူး၊ ဘာလို့ အဲဒီလိုလုပ်သွားလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး" ဟု ခေတ္တရာလူငယ်များသာရေးနာရေးကူညီပံ့ပိုးမှုအသင်း၏ တာဝန်ရှိသူမှ NP News ကို ပြောသည်။
ထိုသို့ ကြိုးဆွဲချ အဆုံးစီရင်သူသည် မအေးသင်္ကြန် (၁၉)နှစ်ဖြစ်ကြောင်း သိရသည်။
zawgyi version
ပဲခူးတိုင္းအတြင္း ႀကိဳးဆြဲခ်အဆုံးစီရင္မႈ ႏွစ္ရက္ဆက္တိုက္ျဖစ္ပြား
Pearl (NP News) - မတ္ ၁၆
ပဲခူးတိုင္းေဒသႀကီးအတြင္း မတ္လ ၁၅ ရက္ႏွင့္ ၁၆ ရက္တို႔တြင္ ႀကိဳးဆြဲခ်အဆုံးစီရင္မႈမ်ား ဆက္တိုက္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ယမန္ေန႔ (မတ္လ ၁၅ ရက္) ၊ ညေနပိုင္းတြင္ ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၊ သဲကုန္းႀကီးေက်း႐ြာတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားတာကေတာ့ ညေန(၄)နာရီေလာက္ပါ၊ ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ ႀကိဳးမျဖဳတ္ရေသးဘူး ၊ လူကေတာ့ မဲျပာေနၿပီ။ ခဏေနေတာ့ တာဝန္ရွိသူေတြက ႀကိဳးျဖဳတ္ေပးတယ္၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ႀကိဳ႕ပင္ေကာက္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ေပးတယ္၊ စစ္ေဆးမႈေတြျပဳလုပ္ၿပီးေတာ့ အေလာင္းကို သူ႔႐ြာကိုပဲ ျပန္ပို႔ေပးလိုက္ပါတယ္" ဟု ႀကိဳ႕ပင္ေကာက္ နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ေသဆုံးသူ ကိုဆန္းလင္းေအာင္ (၂၄)ႏွစ္သည္ ၎၏ ေနအိမ္၌ ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့ျခင္းျဖစ္ၿပီး လသား အ႐ြယ္ ကေလးငယ္တစ္ဦး က်န္ရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ယေန႔(မတ္လ ၁၆ ရက္) ၊ နံနက္ (၁)နာရီ အခ်ိန္ခန႔္တြင္ ျပည္ၿမိဳ႕၊ ပြင့္လွသိမ္ကုန္းရပ္(အေရွ႕)၊ လမ္းသြယ္(၂)လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"ညက(၁)နာရီေလာက္ျဖစ္တာ၊ ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ ရဲေတြလည္း မေရာက္ေသးဘူး၊ ဘာလို႔ အဲဒီလိုလုပ္သြားလဲ ဆိုတာေတာ့ အတိအက် မသိရေသးပါဘူး" ဟု ေခတၱရာလူငယ္မ်ားသာေရးနာေရးကူညီပံ့ပိုးမႈအသင္း၏ တာဝန္ရွိသူမွ NP News ကို ေျပာသည္။
ထိုသို႔ ႀကိဳးဆြဲခ် အဆုံးစီရင္သူသည္ မေအးသၾကၤန္ (၁၉)ႏွစ္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမယ့် စျေးနှုန်းအဆမတန်ကွာခြားမှုများရှိနေ