• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံမှ ကူညီပေးနေသည့်ကိစ္စများအပေါ် နစကဥက္ကဋ္ဌနှင့် အာရှရေးရာအထူးကိုယ်စားလှယ်တို့ ဆွေးနွေး

မျိုးကြီး (NP News) - မတ် ၇

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံမှ ကူညီပေးနေသည့်ကိစ္စများအပေါ် နစကဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စား လှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ မတ်လ ၆ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အထူးကိုယ် စားလှယ် H.E. Mr. Deng Xijun တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံ တော်မှတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေများကိုလည်း နှစ်ဖက်အကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်အခြေအ နေများကိုလည်း မြန်မာ-တရုတ်နှစ်ဖက်အကြား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာမှုနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေသည့်ကိစ္စများနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးအတွက်လည်း နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးကိစ္စများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်တို့က ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁ဝ)ဖွဲ့ နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိပြီး အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လျက်ရှိနေသည်။

ထိုသို့ ငြိမ်းချမ်းရေးဖိတ်ခေါ်နေမှုနှင့်အတူ အခြားတစ်ဖက်တွင်လည်း ဒေသအချို့၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိနေသည်ကိုလည်း တွေ့ရှိရသည်။


zawgyi version

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ တ႐ုတ္ႏိုင္ငံမွ ကူညီေပးေနသည့္ကိစၥမ်ားအေပၚ နစကဥကၠ႒ႏွင့္ အာရွေရးရာအထူးကိုယ္စားလွယ္တို႔ ေဆြးေႏြး

မ်ိဳးႀကီး (NP News) - မတ္ ၇

ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ တ႐ုတ္ႏိုင္ငံမွ ကူညီေပးေနသည့္ကိစၥမ်ားအေပၚ နစကဥကၠ႒ ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာအထူးကိုယ္စား လွယ္တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ေနျပည္ေတာ္၌ မတ္လ ၆ ရက္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ အထူးကိုယ္ စားလွယ္ H.E. Mr. Deng Xijun တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း နစကမွသတင္းထုတ္ျပန္ထားသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ နယ္စပ္ေဒသႏွင့္ ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ႏိုင္ငံ ေတာ္မွတိုင္းရင္း သားလက္နက္ကိုင္ အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးမႈမ်ား ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားအျပင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ တ႐ုတ္ႏိုင္ငံအေနျဖင့္ ကူညီေဆာင္႐ြက္ေပးေနသည့္အေျခအေနမ်ားကိုလည္း ႏွစ္ဖက္အၾကား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မူးယစ္ေဆးဝါးတားဆီးကာကြယ္ေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္သည့္အေျခအ ေနမ်ားကိုလည္း ျမန္မာ-တ႐ုတ္ႏွစ္ဖက္အၾကား ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

ဆက္လက္ၿပီး ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား ျပန္လည္ေကာင္းမြန္လာမႈႏွင့္ နယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးေဆာင္႐ြက္ေနသည့္ကိစၥမ်ားႏွင့္ စီးပြားေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ၊ က႑ေပါင္းစုံပူးေပါင္းေဆာင္႐ြက္မႈမ်ားတြင္ ပိုမိုတိုးတက္ေဆာင္႐ြက္ႏိုင္ေရးအတြက္လည္း ႏွစ္ဖက္စလုံးက ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈအေျခအေနမ်ား၊ ႏိုင္ငံတကာေရးရာကိစၥရပ္မ်ားႏွင့္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းမႈေဖာ္ေဆာင္ေရးကိစၥမ်ားကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာအထူးကိုယ္စားလွယ္တို႔က ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကအေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕(၁ဝ)ဖြဲ႕ ႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိၿပီး အျခားေသာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားကိုလည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ဖိတ္ေခၚလ်က္ရွိေနသည္။

ထိုသို႔ ၿငိမ္းခ်မ္းေရးဖိတ္ေခၚေနမႈႏွင့္အတူ အျခားတစ္ဖက္တြင္လည္း ေဒသအခ်ိဳ႕၌ ပစ္ခတ္တိုက္ခိုက္မႈျဖစ္စဥ္မ်ား ျဖစ္ပြားလ်က္ရွိေနသည္ကိုလည္း ေတြ႕ရွိရသည္။


Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

NLD ပါတီ မှတ်ပုံတင်နိုင်မည့်အခြေအနေ ရှိ၊ မရှိ နှင့် CWC က တရားဝင်ဖြစ်သလား..? (NLD ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်း၏ ပြောကြားချက်)

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved