• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
နစကလက်ထက် (၂)နှစ်တာကာလအတွင်း ငွေကျပ်ဘီလျံ(၂ဝဝဝ)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိ

မျိုးကြီး (NP News) - မတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် (၂)နှစ်တာကာလအတွင်း ငွေကျပ်ဘီလျံ(၂ဝဝဝ) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိခဲ့ကြောင်း နစက၏အချက်အလက်များအရ သိရသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအထိ ငွေကျပ်သန်းပေါင်း ၉၈၆၄၇၁ ဒသမ ၆၈၁ သန်းတန်ဖိုးရှိ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ် စသည့်မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါတစ်နှစ်အတွင်း ဘိန်း ၂၅ဝ၈ ဒသမ ၆၄၅၅၂ ကီလို၊ ဘိန်းဖြူ ၂၅၄၄ ဒသမ ၁ဝ၈၃၄၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၇၆၈၄ဝ၇ဝ ဒသမ ၅ ပြားအပါအဝင် အိုက်စ်၊ ဆေးခြောက်၊ ဘိန်းစာရွက်၊ ဘိန်းစာမှုန့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ထို့ပြင် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလအထိ ငွေကျပ်သန်းပေါင်း ၁ဝ၄၃၂၃၁ ဒသမ ၆၅၆ သန်းတန်းဖိုးရှိ မူးယစ်ဆေးဝါးများစွာကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ အချက်အလက်များက ဆိုသည်။

၎င်းတစ်နှစ်တာကာလအတွင်း ဘိန်း ၁၁၇၂ ဒသမ ၈၂၈၉၁ ကီလို၊ ဘိန်းဖြူ ၁၁၅၄ ဒသမ ၄၃၅၄၆၇ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၃၉၈၃၁၄၅ ပြား၊ အိုက်စ် ၂ဝ၄၈၂ ဒသမ ၂၄၉၃၃ ကီလို၊ ဆေးခြောက် ၉၆၈ ဒသမ ၁၄၁၄၁၅ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နစကအစိုးရလက်ထက် (၂)နှစ်တာကာလအတွင်း ငွေကျပ်ဘီလျံ (၂ဝဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

မူးယစ်ဆေးဝါးများကို ကုန်တင်ကား၊ တွဲကားများဖြင့်ပါ သယ်ဆောင်လုပ်ဆောင်လျက်ရှိသည်ကို ဖမ်းဆီးရမိသောဖြစ်စဉ်များအရတွေ့ရှိရပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများနှင့်ပတ်သက်၍ ပိုမိုလုပ် ဆောင်လာနေကြောင်းလည်း သုံးသပ်မှုများရှိနေသည်။

ထို့ပြင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိသည့် ဖြစ်စဉ်များအတွင်း လူအများအပြားသေကြေနိုင်သည့် လက် နက်များပါ ပူးတွဲဖမ်းဆီးရမိသည့်ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။


zawgyi version


မျိုးကြီး (NP News) - မတ် ၆










Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ တရုတ်နိုင်ငံမှ ကူညီပေးနေသည့်ကိစ္စများအပေါ် နစကဥက္ကဋ္ဌနှင့် အာရှရေးရာအထူးကိုယ်စားလှယ်တို့ ဆွေးနွေး

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved