ဆရာတော်ကြီး (၁၅)ပါးကို အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များ နစကထိပ်ပိုင်းခေါင်းဆောင်များက ဆက်ကပ်ပူဇော်
NP News - မတ် ၆
ပြည်တွင်း၊ ပြည်ပဆရာတော်ကြီး(၁၅)ပါးကို အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် နစကအဖွဲ့ဝင်များက ဆက်ကပ်ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
၂ဝ၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကို မတ်လ ၅ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း နစကမှ ကျင်းပခဲ့သည်။
၎င်းအခမ်းအနားတွင် သီရိလင်္ကာနိုင်ငံမှ ဆရာတော် Most Venerable Prof. Kumburugamuwe၊ ထိုင်းနိုင်ငံမှဆရာတော် Somdet Phramahathirachan နှင့် မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တသောဘန (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေမင်းဝံသာသနာ့ရိပ်သာဆရာတော် အဂ္ဂမဟာကမ္မ ဋ္ဌာနာစရိယဘဒ္ဒန္တသောဘနတို့ထံသို့ နစကဥက္ကဋ္ဌက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များနှင့် အ ဆောင်အယောင်များ ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၅)ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၁၂)ပါး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံ ဆိပ်တော်ရ ဆရာတော်ကြီး (၁)ပါးတို့အား ဘွဲ့တံဆိပ်နှင့်အဆောင်အယောင်များကို ပူဇော်ချီးမြှင့်ခဲ့ကြောင်း နစကမှဆိုသည်။
ထို့ပြင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအပါး (၃ဝ)၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၅၂)ပါး၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၂၅)ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၃) ပါးနှင့် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး (၃) ပါးတို့ကိုလည်း နစကမှ ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် (၁၄)ဦးတို့ကိုလည်း ဘွဲ့တံဆိပ်နှင့်အ ဆောင်အယောင်များ နစကမှ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
နစကအနေဖြင့် ယခု ၂ဝ၂၃ ခုနှစ်၌ ပြည်တွင်း၊ ပြည်ပ ဆရာတော်၊ သံဃာတော် (၄ဝ၃)ပါး၊ သီလရှင်ဆရာကြီး (၃၈)ပါးနှင့် လူပုဂ္ဂိုလ် (၄၂)ဦးတို့ကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်လက်လှူဒါန်းချီးမြှင့်ထားကြောင်း သိရသည်။
zawgyi version
ဆရာေတာ္ႀကီး (၁၅)ပါးကို အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္မ်ား နစကထိပ္ပိုင္းေခါင္းေဆာင္မ်ားက ဆက္ကပ္ပူေဇာ္
NP News - မတ္ ၆
ျပည္တြင္း၊ ျပည္ပဆရာေတာ္ႀကီး(၁၅)ပါးကို အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္မ်ား ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အပါအဝင္ နစကအဖြဲ႕ဝင္မ်ားက ဆက္ကပ္ပူေဇာ္ခဲ့ေၾကာင္း သတင္းရရွိသည္။
၂ဝ၂၃ ခုႏွစ္ သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ပူေဇာ္ပြဲမဟာမဂၤလာအခမ္းအနားကို မတ္လ ၅ ရက္တြင္ ေနျပည္ေတာ္ရွိ ဥပၸါတသႏၲိေစတီေတာ္ ပရိဝုဏ္အတြင္း နစကမွ က်င္းပခဲ့သည္။
၎အခမ္းအနားတြင္ သီရိလကၤာႏိုင္ငံမွ ဆရာေတာ္ Most Venerable Prof. Kumburugamuwe၊ ထိုင္းႏိုင္ငံမွဆရာေတာ္ Somdet Phramahathirachan ႏွင့္ မဟာစည္ဆရာေတာ္ႀကီး ဘဒၵႏၲေသာဘန (ကိုယ္စား) ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊမင္းဝံသာသနာ့ရိပ္သာဆရာေတာ္ အဂၢမဟာကမၼ ႒ာနာစရိယဘဒၵႏၲေသာဘနတို႔ထံသို႔ နစကဥကၠ႒က အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္မ်ားႏွင့္ အ ေဆာင္အေယာင္မ်ား ဆက္ကပ္ပူေဇာ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားတြင္ အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး (၁၅)ပါး၊ အဘိဓဇအဂၢမဟာသဒၶမၼ ေဇာတိကဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး(၁၂)ပါး၊ တိပိဋကဓရ ဓမၼဘ႑ာဂါရိက ဘြဲ႕တံ ဆိပ္ေတာ္ရ ဆရာေတာ္ႀကီး (၁)ပါးတို႔အား ဘြဲ႕တံဆိပ္ႏွင့္အေဆာင္အေယာင္မ်ားကို ပူေဇာ္ခ်ီးျမႇင့္ခဲ့ေၾကာင္း နစကမွဆိုသည္။
ထို႔ျပင္ အဂၢမဟာပ႑ိတဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီးအပါး (၃ဝ)၊ အဂၢမဟာသဒၶမၼ ေဇာတိကဓဇဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး (၅၂)ပါး၊ အဂၢမဟာဂႏၴ ဝါစကပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး (၂၅)ပါး၊ အဂၢမဟာ ကမၼ႒ာနာ စရိယ ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး (၁၃) ပါးႏွင့္ အဂၢမဟာဂႏၴ ဝါစကပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ရ သီလရွင္ ဆရာႀကီး (၃) ပါးတို႔ကိုလည္း နစကမွ ဆက္ကပ္ပူေဇာ္ခဲ့ေၾကာင္း သိရသည္။
ဆက္လက္ၿပီး သာသနာႏုဂၢဟဘြဲ႕တံဆိပ္ရရွိၾကသည့္ လူပုဂၢိဳလ္ (၁၄)ဦးတို႔ကိုလည္း ဘြဲ႕တံဆိပ္ႏွင့္အ ေဆာင္အေယာင္မ်ား နစကမွ ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။
နစကအေနျဖင့္ ယခု ၂ဝ၂၃ ခုႏွစ္၌ ျပည္တြင္း၊ ျပည္ပ ဆရာေတာ္၊ သံဃာေတာ္ (၄ဝ၃)ပါး၊ သီလရွင္ဆရာႀကီး (၃၈)ပါးႏွင့္ လူပုဂၢိဳလ္ (၄၂)ဦးတို႔ကို သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္မ်ား ဆက္လက္လႉဒါန္းခ်ီးျမႇင့္ထားေၾကာင္း သိရသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
နစကလက်ထက် (၂)နှစ်တာကာလအတွင်း ငွေကျပ်ဘီလျံ(၂ဝဝဝ)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိ