မြန်မာနိုင်ငံသို့ လျှပ်စစ်ကား(၄၉)စီး ထပ်မံရောက်ရှိလာပြီး ပြည်တွင်းသို့ရောက်ရှိထားသည့် ကားအစီးရေ (၁၁ဝ)ကျော်ရှိလာ
ယွန်း (NP News) - မတ် ၆
တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ကား(၄၉)စီး မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မတ်လ ၄ ရက်က အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံရှိ Asia Pacific Automaker Corporation Co., Ltd. မှတင်သွင်းလာသည့် Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ် (၃ဝ) စီးကို ရှမ်းပြည်(မြောက်ပိုင်း)ရှိ မူဆယ်(၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ ပြီးခဲ့သည့် မတ်လ(၃)ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုကို ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
အလားတူ Earth Renewable Energy Co., Ltd.မှ တင်သွင်းလာသည့် BYD အမျိုးအစား လျှပ်စစ်သုံးယာဉ်(၁၉)စီးသည်လည်း ထီးတန်းဆိပ်ကမ်းသို့ ပြီးခဲ့သည့် မတ်လ(၃)ရက်တွင် ရောက်ရှိခဲ့ပြီး လုပ်ထုံးလုပ် နည်းနှင့်အညီ ထုတ်ယူခွင့် ထပ်မံပြုခဲ့ကာ အကောက်ခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ လျှပ်စစ်ကား အစီးရေ (၄ဝ)ပထမဆုံးအကြိမ်ရောက်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက (၂၅)စီးရောက်ထပ်မံရောက်ခဲ့သည်။
ထို့ကြောင့်လက်ရှိအချိန်ထိ ပြည်တွင်းသို့ လျှပ်စစ်ကားအစီးရေ (၁၁ဝ)ကျော်ရောက်ရှိထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရသိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး EV Charging Station ကို နေပြည်တော်ရှိ သပြေကုန်းဈေးတွင် မတ်လ(၄)ရက်က ဖွင့်လှစ်နိုင်ခဲ့ပြီး EV တက္ကစီ(၁ဝ)စီး စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံသို႔ လွ်ပ္စစ္ကား(၄၉)စီး ထပ္မံေရာက္ရွိလာၿပီး ျပည္တြင္းသို႔ေရာက္ရွိထားသည့္ ကားအစီးေရ (၁၁ဝ)ေက်ာ္ရွိလာ
ယြန္း (NP News) - မတ္ ၆
တ႐ုတ္ႏိုင္ငံမွ တင္သြင္းသည့္ လွ်ပ္စစ္ကား(၄၉)စီး ျမန္မာႏိုင္ငံသို႔ ထပ္မံေရာက္ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ မတ္လ ၄ ရက္က အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံရွိ Asia Pacific Automaker Corporation Co., Ltd. မွတင္သြင္းလာသည့္ Dongfeng အမ်ိဳးအစား လွ်ပ္စစ္သုံးယာဥ္ (၃ဝ) စီးကို ရွမ္းျပည္(ေျမာက္ပိုင္း)ရွိ မူဆယ္(၁ဝ၅)မိုင္ ကုန္သြယ္ေရးဇုန္မွ ၿပီးခဲ့သည့္ မတ္လ(၃)ရက္တြင္ လုပ္ထုံးလုပ္နည္းႏွင့္အညီ ထုတ္ယူခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
အဆိုပါ လွ်ပ္စစ္သုံးယာဥ္မ်ား တင္သြင္းမႈကို ျပည္တြင္းလွ်ပ္စစ္သုံးယာဥ္က႑ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေကာက္ခြန္ကင္းလြတ္ခြင့္ျပဳထားေၾကာင္း သိရသည္။
အလားတူ Earth Renewable Energy Co., Ltd.မွ တင္သြင္းလာသည့္ BYD အမ်ိဳးအစား လွ်ပ္စစ္သုံးယာဥ္(၁၉)စီးသည္လည္း ထီးတန္းဆိပ္ကမ္းသို႔ ၿပီးခဲ့သည့္ မတ္လ(၃)ရက္တြင္ ေရာက္ရွိခဲ့ၿပီး လုပ္ထုံးလုပ္ နည္းႏွင့္အညီ ထုတ္ယူခြင့္ ထပ္မံျပဳခဲ့ကာ အေကာက္ခြန္ကင္းလြတ္ခြင့္ ျပဳထားေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလအတြင္းက ျမန္မာႏိုင္ငံသို႔ လွ်ပ္စစ္ကား အစီးေရ (၄ဝ)ပထမဆုံးအႀကိမ္ေရာက္ခဲ့ၿပီး ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္းက (၂၅)စီးေရာက္ထပ္မံေရာက္ခဲ့သည္။
ထို႔ေၾကာင့္လက္ရွိအခ်ိန္ထိ ျပည္တြင္းသို႔ လွ်ပ္စစ္ကားအစီးေရ (၁၁ဝ)ေက်ာ္ေရာက္ရွိထားၿပီးျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။
ျမန္မာႏိုင္ငံ၏ ပထမဆုံး EV Charging Station ကို ေနျပည္ေတာ္ရွိ သေျပကုန္းေဈးတြင္ မတ္လ(၄)ရက္က ဖြင့္လွစ္ႏိုင္ခဲ့ၿပီး EV တကၠစီ(၁ဝ)စီး စတင္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ဆရာတော်ကြီး (၁၅)ပါးကို အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များ နစကထိပ်ပိုင်းခေါင်းဆောင်များက ဆက်ကပ်ပူဇော်