ပြည်တွင်းရေးစွက်ဖက်မှုများကို ဘယ်တော့မှသည်းခံမှာမဟုတ်ကြောင်း ကနေဒါအစိုးရ ထုတ်ဖော်သတိပေး
ဂျန်ဇက် (NP News) - မတ် ၄
ကနေဒါနိုင်ငံရဲ့ ပြည်တွင်းရေးကို ပြည်ပနိုင်ငံများက ကြားဝင်စွက်ဖက်တာကို ဘယ်တော့မှသည်းခံမှာမဟုတ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီးဟာ G 20 ထိပ်သီးအစည်းအဝေးနားချိန်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ခုအတွင်း ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ကနေဒါ ထောက်လှမ်းရေးအဖွဲ့အရင်းမြစ်တွေက ဖော်ပြခဲ့ပြီးနောက် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဘက်က ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံကတော့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြောင်းသိရပါတယ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီးက "ကနေဒါနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စများနဲ့ ဒီမိုကရေစီအရေးကိစ္စများကို တ ရုတ်နိုင်ငံဘက်က ကြားဝင်စွက်ဖက်မယ်ဆိုရင် သည်းခံမှာမဟုတ်ဘူး၊ ကနေဒါနိုင်ငံရဲ့ပိုင်နက်နယ်မြေ နဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်မှုတွေကို ချိုးဖောက်ခံရတာမျိုး လက်ခံမှာမဟုတ်ဘူး၊ ကနေဒါ ပိုင်နက်နယ် မြေမှာ တရုတ်သံတမန်တွေရဲ့သံတမန်ရေး ချိုးဖောက်မှုတွေကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူး"လို့ပြောပါတယ်။
ဒါပေမယ့်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကနေဒါနိုင်ငံရှိ တရုတ်သံတမန်တွေဟာ ကနေဒါနိုင်ငံရဲ့ရွေးကောက်ပွဲကိုကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးကလည်း တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံရဲ့ပြည်တွင်းရေးကိုကြားဝင်စွက်ဖက်တာမျိုးတွေလုပ်ဆောင်ခဲ့ပေမယ့်လည်း ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲလုပ် ဆောင်နိုင်ခြင်းမရှိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်နိုင်ငံက ကနေဒါနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက မှန်ကန်တဲ့အချက်လက်တွေအပေါ်အခြေခံခြင်းမရှိကြောင်း၊ အခြေအမြစ်မရှိကြောင်း တုံ့ပြန်ထားပါတယ်။
zawgyi version
ျပည္တြင္းေရးစြက္ဖက္မႈမ်ားကို ဘယ္ေတာ့မွသည္းခံမွာမဟုတ္ေၾကာင္း ကေနဒါအစိုးရ ထုတ္ေဖာ္သတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၄
ကေနဒါႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ျပည္ပႏိုင္ငံမ်ားက ၾကားဝင္စြက္ဖက္တာကို ဘယ္ေတာ့မွသည္းခံမွာမဟုတ္ေၾကာင္း ကေနဒါႏိုင္ငံျခားေရးဝန္ႀကီး Melanie Joly က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ကေနဒါႏိုင္ငံျခားေရးဝန္ႀကီးဟာG 20 ထိပ္သီးအစည္းအေဝးနားခ်ိန္အတြင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Qin Gang နဲ႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္မွာ အခုလို ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲ ႏွစ္ခုအတြင္း ၾကားဝင္စြက္ဖက္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ကေနဒါ ေထာက္လွမ္းေရးအဖြဲ႕အရင္းျမစ္ေတြက ေဖာ္ျပခဲ့ၿပီးေနာက္ ကေနဒါႏိုင္ငံျခားေရးဝန္ႀကီးဘက္က ထုတ္ေဖာ္ေျပာဆိုလာခဲ့တာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံကေတာ့ ကေနဒါႏိုင္ငံျခားေရးဝန္ႀကီးရဲ႕စြပ္စြဲခ်က္မ်ားကို ျငင္းဆန္ခဲ့ေၾကာင္းသိရပါတယ္။ ကေနဒါႏိုင္ငံျခားေရးဝန္ႀကီးက "ကေနဒါႏိုင္ငံရဲ႕ျပည္တြင္းေရးကိစၥမ်ားနဲ႔ ဒီမိုကေရစီအေရးကိစၥမ်ားကို တ ႐ုတ္ႏိုင္ငံဘက္က ၾကားဝင္စြက္ဖက္မယ္ဆိုရင္ သည္းခံမွာမဟုတ္ဘူး၊ ကေနဒါႏိုင္ငံရဲ႕ပိုင္နက္နယ္ေျမ နဲ႔အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈေတြကို ခ်ိဳးေဖာက္ခံရတာမ်ိဳး လက္ခံမွာမဟုတ္ဘူး၊ ကေနဒါ ပိုင္နက္နယ္ ေျမမွာ တ႐ုတ္သံတမန္ေတြရဲ႕သံတမန္ေရး ခ်ိဳးေဖာက္မႈေတြကိုဘယ္ေတာ့မွလက္ခံမွာမဟုတ္ဘူး"လို႔ေျပာပါတယ္။
ဒါေပမယ့္လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ကေနဒါႏိုင္ငံရွိ တ႐ုတ္သံတမန္ေတြဟာ ကေနဒါႏိုင္ငံရဲ႕ေ႐ြးေကာက္ပြဲကိုၾကားဝင္စြက္ဖက္ဖို႔ ႀကိဳးပမ္းတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ျငင္းဆန္ခဲ့ေၾကာင္း သိရပါတယ္။ ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူးဒိုးကလည္း တ႐ုတ္ႏိုင္ငံဟာ ကေနဒါႏိုင္ငံရဲ႕ျပည္တြင္းေရးကိုၾကားဝင္စြက္ဖက္တာမ်ိဳးေတြလုပ္ေဆာင္ခဲ့ေပမယ့္လည္း ေ႐ြးေကာက္ပြဲရလဒ္ကို အေျပာင္းအလဲလုပ္ ေဆာင္ႏိုင္ျခင္းမရွိေၾကာင္း ေျပာဆိုခဲ့ဖူးပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ တ႐ုတ္ႏိုင္ငံက ကေနဒါႏိုင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြက မွန္ကန္တဲ့အခ်က္လက္ေတြအေပၚအေျခခံျခင္းမရွိေၾကာင္း၊ အေျခအျမစ္မရွိေၾကာင္း တုံ႔ျပန္ထားပါတယ္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
TikTok က အသက်(၁၈)နှစ်အောက် User များအတွက် screen Time Limit ကို သတ်မှတ်