• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရ

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၈

ထိုင်းနှင့် မြန်မာနယ်စပ်ဒေသရှိ သဘာဝလမ်းကြောင်းတွေကို အသုံးပြုပြီး ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နေကြသော မြန်မာနိုင်ငံသားများသည် ပြီးခဲ့သောရက်ပိုင်းအတွင်း ဆက်တိုက်နီးပါး ဖမ်းဆီးခံနေရပြီး နယ်စပ် လမ်းကြောင်းတစ်လျှောက် စစ်ဆေးရေးတွေ တင်းကြပ်နေကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းရဲတပ်ဖွဲ့ နှင့် စစ်တပ်တို့သည် ဖေဖော်ဝါရီ ၁၆ ရက်က မလေးရှားနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသဖြစ်သော Sadao ဒေသတွင် မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာ နိုင်ငံသား ၁၃ ဦးကို ဖမ်ဆီးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း တာ့ခ်ခရိုင် နှင့် ရနောင်းခရိုင်တွေမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်သူ ၂၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များမှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သော ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ထိုင်းရေတပ်တပ်ဖွဲ့သည် ရနောင်းဒေသရှိ Saranee ကျွန်းနားမှာ ထိုင်းနိုင်ငံအတွင်းသို့ ငါးဖမ်းလှေဖြင့် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည် ဖေဖော်ဝါရီ ၁ဝ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အထိ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သူ အနည်းဆုံး ၉ဝ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလကစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက်စစ်ဆေးရေး များကို တင်းကြပ်ထားခဲ့ပြီး၊ လက်ရှိအချိန်တွင်နယ်စပ်ဒေသလမ်းကြောင်းများကို ယခင်ထက် ပိုမိုတင်းကြပ်လာ ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုများကြောင့်လည်း လုံခြုံရေးကို ပိုမိုတင်းကြပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Zawgyi Version; 

ထိုင္းႏိုင္ငံကို တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ဆက္တိုက္ဖမ္းဆီးခံေနရ

ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၈

ထိုင္းႏွင့္ ျမန္မာနယ္စပ္ေဒသရွိ သဘာဝလမ္းေၾကာင္းေတြကို အသုံးျပဳၿပီး ထိုင္းႏိုင္ငံအတြင္းကို တရားမဝင္ ဝင္ေရာက္ေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားသည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း ဆက္တိုက္နီးပါး ဖမ္းဆီးခံေနရၿပီး နယ္စပ္ လမ္းေၾကာင္းတစ္ေလွ်ာက္ စစ္ေဆးေရးေတြ တင္းၾကပ္ေနေၾကာင္း ထိုင္းသတင္းမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

ထိုင္းရဲတပ္ဖြဲ႕ ႏွင့္ စစ္တပ္တို႔သည္ ေဖေဖာ္ဝါရီ ၁၆ ရက္က မေလးရွားႏွင့္ ထိုင္းႏိုင္ငံနယ္စပ္ေဒသျဖစ္ေသာ Sadao ေဒသတြင္ မေလးရွားႏိုင္ငံသို႔ သြားေရာက္ရန္အတြက္ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာေသာ ျမန္မာ ႏိုင္ငံသား ၁၃ ဦးကို ဖမ္ဆီးခဲ့ေၾကာင္းသိရသည္။

ေဖေဖာ္ဝါရီလ ၁၄ ရက္ကလည္း တာ့ခ္ခ႐ိုင္ ႏွင့္ ရေနာင္းခ႐ိုင္ေတြမွာ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္သူ ၂၇ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားမွ ထုတ္ျပန္ထားသည္။ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီ ၁၂ ရက္ကလည္း ထိုင္းေရတပ္တပ္ဖြဲ႕သည္ ရေနာင္းေဒသရွိ Saranee ကြၽန္းနားမွာ ထိုင္းႏိုင္ငံအတြင္းသို႔ ငါးဖမ္းေလွျဖင့္ တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ေသာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၂၁ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထိုင္းအာဏာပိုင္မ်ားသည္ ေဖေဖာ္ဝါရီ ၁ဝ ရက္မွ ေဖေဖာ္ဝါရီ ၁၇ ရက္အထိ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့သူ အနည္းဆုံး ၉ဝ ေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ႏိုဝင္ဘာလကစတင္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိုင္းအာဏာပိုင္မ်ားက နယ္စပ္တစ္ေလွ်ာက္စစ္ေဆးေရး မ်ားကို တင္းၾကပ္ထားခဲ့ၿပီး၊ လက္ရွိအခ်ိန္တြင္နယ္စပ္ေဒသလမ္းေၾကာင္းမ်ားကို ယခင္ထက္ ပိုမိုတင္းၾကပ္လာ ေၾကာင္း၊ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္မူးယစ္ေဆးဝါးေမွာင္ခိုတင္သြင္းရန္ ႀကိဳးပမ္းမႈမ်ားေၾကာင့္လည္း လုံၿခဳံေရးကို ပိုမိုတင္းၾကပ္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

အမေရိကန်နိုင်ငံအနေနဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ရန် ပြင်ဆင်ထားသင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်၏ညီမဖြစ်သူ သတိပေး

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved