လူနာပို့ပြီး ပြန်လာသည့် လူမှုကူညီရေးအသင်းယာဉ် ပစ်ခတ်ခံခဲ့ရကာ ယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာများရရှိခဲ့
NP News - ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် လူနာပို့ပြီး ပြန်လာသည့် လူမှုကူညီရေးအသင်းယာဉ် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်၊ ညပိုင်းတွင် မတ္တရာမြို့နယ်၊ မန္တလေး- မိုးကုတ်ကားလမ်း၊ လက်ကောင်းကြီးကျေးရွာအုပ်စု ကန်ဖြူကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အပစ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ (၁၂)ရက်နေ့ ည(၁၂)နာရီလောက်က ဖြစ်သွားတာပါ။ ကားက လူနာပို့ပြီး အပြန်မှာ ဖြစ်တာပေါ့။ အခုကတော့ ပါတဲ့သူက ဒဏ်ရာရနေတော့ ဘယ်လိုဖြစ်တာလဲဆိုတာ အတိအကျမသိရသေးပါဘူး။ ဖြစ်တာကလည်း ညအချိန်မတော်ကြီးဆိုတော့ သဲသဲကွဲကွဲတော့ မသိရဘူး” ဟု လက်ပန်လှလူမှုကယ် ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
အဆိုပါ လူနာတင်ယာဉ်သည် မန္တလေးဆေးရုံကြီးမှလူနာပို့ပြီး အပြန်တွင် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတာကတော့ တစ်ယောက်ထဲပဲ။ အခုကတော့ စိုးရိမ်ရတဲ့ အခြေအနေကကျော်လွန်သွားပါပြီ။ ဒဏ်ရာကတော့ ပြင်းတာပေါ့။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ပါဘူး” ဟု ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားသည် လက်ရှိတွင် မတ္တရာဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း သိရသည်။

zawgyi version
လူနာပို႔ၿပီး ျပန္လာသည့္ လူမႈကူညီေရးအသင္းယာဥ္ ပစ္ခတ္ခံခဲ့ရကာ ယာဥ္ေမာင္းအမ်ိဳးသား ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့
NP News - ေဖေဖာ္ဝါရီ ၁၄
မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ လူနာပို႔ၿပီး ျပန္လာသည့္ လူမႈကူညီေရးအသင္းယာဥ္ ပစ္ခတ္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ(၁၂)ရက္၊ ညပိုင္းတြင္ မတၱရာၿမိဳ႕နယ္၊ မႏၲေလး- မိုးကုတ္ကားလမ္း၊ လက္ေကာင္းႀကီးေက်း႐ြာအုပ္စု ကန္ျဖဴေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“အပစ္ခံရတယ္ဆိုတာ ဟုတ္ပါတယ္။ (၁၂)ရက္ေန႔ ည(၁၂)နာရီေလာက္က ျဖစ္သြားတာပါ။ ကားက လူနာပို႔ၿပီး အျပန္မွာ ျဖစ္တာေပါ့။ အခုကေတာ့ ပါတဲ့သူက ဒဏ္ရာရေနေတာ့ ဘယ္လိုျဖစ္တာလဲဆိုတာ အတိအက်မသိရေသးပါဘူး။ ျဖစ္တာကလည္း ညအခ်ိန္မေတာ္ႀကီးဆိုေတာ့ သဲသဲကြဲကြဲေတာ့ မသိရဘူး” ဟု လက္ပန္လွလူမႈကယ္ ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
အဆိုပါ လူနာတင္ယာဥ္သည္ မႏၲေလးေဆး႐ုံႀကီးမွလူနာပို႔ၿပီး အျပန္တြင္ ပစ္ခတ္ခံရမႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ေမာင္း အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
“ဒဏ္ရာရတာကေတာ့ တစ္ေယာက္ထဲပဲ။ အခုကေတာ့ စိုးရိမ္ရတဲ့ အေျခအေနကေက်ာ္လြန္သြားပါၿပီ။ ဒဏ္ရာကေတာ့ ျပင္းတာေပါ့။ အသက္အႏၲရာယ္ကေတာ့ မစိုးရိမ္ရေတာ့ပါဘူး” ဟု ၎မွ ဆက္လက္ေျပာဆိုထားသည္။
ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသားသည္ လက္ရွိတြင္ မတၱရာေဆး႐ုံ၌ ေဆးကုသမႈခံယူလ်က္ရွိၿပီး စိုးရိမ္ဖြယ္ အေျခအေနမရွိေၾကာင္း သိရသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရ