• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
ရုရှားကြေးစားစစ်သားများထဲတွင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် နှင့် ဆီးရီးယားနိုင်ငံသားများလည်း ပါဝင်

Htay Oung (NP News) - ဖေဖော်ဝါရီ ၉ 

ဘက်ခ်မွတ်တိုက်ပွဲအတွင်း ယူကရိန်းစစ်တပ်ဟာ ထောင်နဲ့ချီတဲ့ ဝက်ဂ်နာအကျဉ်းသားများကို ဖမ်းဆီးရမိခဲ့ပါ တယ်။ ဗလာဒီမာပူတင်ရဲ့ကြေးစားစစ်အုပ်စုမှာ ပိန်ချုံးချည့်နဲ့နေတဲ့ ရုရှားအကျဉ်းသားများကို တွေ့ရှိရခြင်းမှာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုရှားအတွက် တိုက်ခိုက်ပေးနေတဲ့ ဂျာမန်နိုင်ငံသားနှစ်ဦးကို ဇန်နဝါရီလ လယ်ပိုင်းမှ မြင်တွေ့ရခြင်းဟာ အတော်လေး တုန်လှုပ်စရာကောင်းပါတယ်လို့ MSN’s Daily Digest က ယမန်နေ့ ရေးသားပါတယ်။

ဘက်ခ်မွတ်မြို့ဟာ ယူကရိန်းအရှေ့ပိုင်းနဲ့ ရုရှားလိုလားသူ ခွဲထွက် ဒွန်ညက်အောဘလတ်တို့အကြားမှာ တည်ရှိပါ တယ်။ ၂ဝ၂၂ ခုနှစ် မေလ ပွန်ပတ်နာရှေ့တန်းမှ ယူကရိန်းတို့ ဆုတ်ခွာသွားပြီး ရုရှားတပ်များ ရှေ့တိုးလာချိန်မှာ ဘက်ခ်မွတ်မြို့ အနီးတစ်ဝှိုက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ဘက်ခ်မွတ်ဟာ ယူကရိန်းတပ်များ၊ အဇော့တပ်လို့ခေါ်တဲ့ ယူကရိန်း အမျိုးသားအစောင့်တပ်များက တစ်ဖက်၊ ရုရှားလိုလားသူ ခွဲထွက်တပ်များ၊ ရုရှား စစ်တပ်၊ ၀က်ဂ်နာကြေးစားအုပ်စုတို့တစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်ကြရာ နေရာဖြစ်သွားပါတယ်။

ယူကရိန်းတို့က ပိုမို အထိနာဖွယ်တိုက်ပွဲများမှာ နေ့စဉ် စစ်သားပေါင်း ရာချီသေဆုံးနေပါတယ်။ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ရုရှားတို့ ကျူးကျော်မှုနောက်ပိုင်း ယူကရိန်းစစ်ပွဲအတွင်း အရက်စက်ဆုံး၊ သွေးထွက်သံယိုနဲ့ အသေ အပျောက်အများဆုံးတိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ပြင်းထန်ပုံမှာ ယခင်နှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့ဖူးတဲ့ ကမ္ဘာစစ်ကြီး များနဲ့နှိုင်းယှဉ်လို့ရကြောင်း ပြောကြပါတယ်။

ယခုတစ်ကြိမ် ဖမ်းဆီးရမိခဲ့တဲ့ ရုရှားစစ်သုံ့ပန်းများထဲမှာ ၀က်ဂ်နာအုပ်စုမှ အတော်များများ ပါဝင်နေပြီး ဂျာမနီနိုင်ငံ သားနှစ်ဦးတို့ကို တွေ့ရှိရပါတယ်။ လိုက်ပစ်ဇ်မှ တစ်ဦးနဲ့ ဘာလင်မှ လာရောက်သူ အခြားတစ်ဦးတို့ဖြစ်ကြပါတယ်။

ဂျာမန် “တက်ဂက်စပီးဂျဲလ်” နေ့စဉ်သတင်းစာဟာ ဂျာမနီနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပြီး ရုရှားတို့ အတွက် တိုက်ခိုက်ပေးနေသူ ကြေးစားစစ်သားနှစ်ဦးအနက် အသက် ၂၁ နှစ်အရွယ်ရှိသူနဲ့ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ ပါတယ်။

အခုလို အခွင့်အရေး ရရှိလိုက်ခြင်းမှာလည်း လုံခြုံရေးအရ အမည်ရင်း မဖော်ပြထားတဲ့ တွေ့ဆုံမေးမြန်းသူဟာ ကိယက်ဗ်မှာ ယူကရိန်းတို့ရဲ့ ၃ ရက်ကြာ စစ်ကြောမှုအတွင်း အင်္ဂလိပ်စကား မပြောနိုင်တဲ့ အကျဉ်းသားနှစ်ဦး အတွက် ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးခဲ့ရလို့ဖြစ်ပါတယ်။

ဂျာမန်အကျဉ်းသားနှစ်ဦးအနက် တစ်ဦးကို “ဗော်လ်ကာ” လို့ ခေါ်ပါတယ်။ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ ဝက်ဂ်နာ အုပ်စုသို့ဝင်ရောက်ဖို့ ဘာလင်မှ ထွက်ခွာခဲ့သူဖြစ်ပြီး ယခင်စစ်မှုထမ်းအတွေ့အကြုံမရှိပေမယ့် ရေရှည် အလုပ်လက်မဲ့ဖြစ်ခဲ့ရတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

သူဟာ ပိုက်ဆံအတွက် အလုပ်လုပ်သူဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ဝက်ဂ်နာအုပ်စုမှာ တပ်ဖွဲ့ဝင်များဟာ တစ်လလျှင် ဒေါ်လာ ၅ဝဝဝ အပြင် ထောက်ပံ့ကြေးများ ပေါင်းပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ဝဝဝ ခန့် ရရှိနိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယူကရိန်းစစ်သားတစ်ဦးအနေဖြင့် အထွေထွေအချက်အလက်များကို သတင်းပေးသူဟာ တစ်လလျှင် ယူရို ၃ဝဝဝ သာ ရရှိမှာဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၃၂၅ဝ စွန်းစွန်းလောက် ရှိပါတယ်။

ဝက်ဂ်နာတွေဟာ နိုင်ငံခြားသားများကို သတ်ဖြတ်နိုင်လျှင် ဒေါ်လာ ၁ဝဝဝဝ ထပ်ဆောင်း ရရှိပါတယ်။ ရန်သူ နိုင်ငံခြားသားတစ်ဦးကိုသတ်ပြီးတိုင်း အလောင်းရဲ့ပတ်စ်ပို့ကို သက်သေအဖြစ်တင်ပြမယ်ဆိုရင် နောက်ထပ် ဒေါ် လာ ၁ဝဝဝဝ ရရှိတယ်လို့ ဗော်လ်ကာက ပြောပါတယ်။ ယူကရိန်းမှာ ရုရှားကြေးစားစစ်သား ၅ဝဝဝဝ ခန့်ရောက် ရှိနေပြီး ဘက်ခ်မွတ်စစ်မြေပြင်မှာ ၀က်ဂ်နာအုပ်စုအတွက် တိုက်ပွဲ၀င်နေသူ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဆီးရီးယားနိုင်ငံသားများကိုလည်း ဖမ်းဆီးရမိထားတယ်လို့ တက် ဂတ်စပီးဂျဲလ်သတင်းစာက ရေးပါတယ်။

ဝက်ဂ်နာအုပ်စုဟာ ရုရှားလုံခြုံရေးနဲ့စစ်ဘက်ဆိုင်ရာ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဂျာမန်ဒေသဆိုင်ရာ လူထုဆက်သွယ်ရေးရုပ်သံဋ္ဌာန ARD အဆိုအရ ပုံမှန်ရုရှားစစ်တပ်က ပါဝင်လိုခြင်းမရှိတဲ့ လှုပ်ရှားမှုမျိုးမှာ လုပ်ကိုင် ပေးရလေ့ရှိတယ်လို့ ဆိုပါတယ်။

ဝက်ဂ်နာအုပ်စုကို ရုရှားစွန့်ဦးတီထွင်သူ စစ်သားဟောင်း ဒီမီထရီ ဗယ်လ်ယာရေဗစ်ခ်ျအူးကင်နဲ့ ပူတင့်အပေါ် သစ္စာစောင့်သိသူ အမာခံ ယက်ဂေနီ ဗစ်တိုရိုဗစ်ခ်ျ ပရီဂိုဇင်တို့က ၂ဝ၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

ကနဦးအစ ဝက်ဂ်နာအုပ်စုဟာ ဆီးရီးယားပြည်တွင်းစစ်မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဟောင်ကောင်မှတ်ပုံတင် “ဆလားဗစ် ကော်ပိုရေးရှင်း” ခေါ် စစ်ဘက်ဆိုင်ရာ ပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်းကို ဖျက်သိမ်းပြီး လက်ကျန် ၁ဝ ဦးသာ ပါဝင်ခဲ့တယ်လို့ ပြောကြပါတယ်။

စောစောပိုင်း ၀က်ဂ်နာတို့ဟာ ရုရှားအတွက် လျှို့ဝှက်စွာ တိုက်ခိုက်ခဲ့တဲ့ အရိပ်စစ်တပ်ဖြစ်တယ်လို့ ဆိုကြပြီး ယူကရိန်းစစ်ပွဲကာလ ရုရှားနဲ့ ၎င်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ ၂ဝ၂၂ ခုနှစ်ကတည်းက တရားဝင်ဖြစ်ကြောင်း ပရီကိုဇင်က သူ့ရဲ့ဝက်ဘ်ဆိုက် “ကွန်ကော့” မှာ ဖော်ပြထားပါတယ်။

ဝက်ဂ်နာတို့ဟာ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုများနဲ့ စဉ်းလဲခြင်းများကြောင့် လူသိများတဲ့ ကြေးစားအုပ်စုဖြစ် ကြောင်း၊ ကြောက်မက်ဖွယ်ကောင်းတဲ့ အဆုံးစီရင်ခြင်း (သို့မဟုတ်) ညှဉ်းပန်းနှိပ်စက်နေပုံ ဗီဒီယိုများနဲ့ ခေါင်းစဉ် တပ်သတင်းများကို ပုံမှန်ဖန်တီးနေကြတယ်လို့ ဂျာမန် “ဖရင့်ဖတ်တာ ရန်းရှိုး” သတင်းအေဂျင်စီက ရေးဖူးပါတယ်။

၂ဝ၂၂ ခုနှစ်ကတည်းက ဝက်ဂ်နာအုပ်စုအတွက် ကြေးစားစစ်သားများကို ရုရှားအကျဉ်းထောင်များမှ ခေါ်ယူခဲ့ ကြောင်း၊ အကျဉ်းသားများအနေနဲ့ ဝက်ဂ်နာနဲ့ပူးပေါင်းမယ်ဆိုရင် သူတို့ရဲ့ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးမယ်လို့ ကတိပြုကြောင်း၊ အဲဒီလိုထောင်သားများနဲ့ လူသစ်စုဆောင်းခြင်းမတိုင်မီ ဝက်ဂ်နာအုပ်စုဟာ ရုရှားစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်သည်ဟောင်းများနဲ့ အဓိကဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖရင့်ဖတ်တာက ဆိုပါ တယ်။

ဝက်ဂ်နာကို ရုရှားမှာ တရားဝင် ပိတ်ပင်ထားပြီး ကြေးစားသမားများနဲ့ ရုရှားတရားဝင် လက်နက်ကိုင်တပ်များ အကြား တရားဝင်ပူးပေါင်းလုပ်ဆောင်မှုတစ်စုံတစ်ရာ မရှိကြောင်း ကရင်မလင်က မကြာခဏ ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီအုပ်စုနဲ့ မော်စကိုအကြား ချိတ်ဆက်မှုရှိနေတာ အမှန်ဖြစ်ပါတယ်။ ဝက်ဂ်နာတို့ကို ရုရှား စစ်သားများ အဖြစ် စာရင်းသွင်းမထားတဲ့အတွက် ဝက်ဂ်နာ အကျအဆုံးဟာ မော်စကိုရဲ့တရားဝင် စာရင်းဇယားများမှာ မပါဝင် ပါဘူး။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုရှားရဲ့ဆုံးရှုံးမှုများကို အဆုံးအဖြတ်ရာမှာ အခက်တွေ့နိုင်ပါတယ်။

#ဝက်ဂ်နာအုပ်စု #ဒီမီထရီ_ဗယ်လ်ယာရေဗစ်ခ်ျ_အူးကင် #ယက်ဂေနီ_ဗစ်တိုရိုဗစ်ခ်ျ_ပရီဂိုဇင်

(MSN., Daily Digest., 08 February 2023,” Two German nationals discovered fighting for Russia's Wagner Group in Bakhmut” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။)


Zawgyi Version; 

႐ုရွားေၾကးစားစစ္သားမ်ားထဲတြင္ အေမရိကန္၊ ျပင္သစ္၊ ၿဗိတိန္ ႏွင့္ ဆီးရီးယားႏိုင္ငံသားမ်ားလည္း ပါဝင္

Htay Oung (NP News) - ေဖေဖာ္ဝါရီ ၉ 

ဘက္ခ္မြတ္တိုက္ပြဲအတြင္း ယူကရိန္းစစ္တပ္ဟာ ေထာင္နဲ႔ခ်ီတဲ့ ဝက္ဂ္နာအက်ဥ္းသားမ်ားကို ဖမ္းဆီးရမိခဲ့ပါ တယ္။ ဗလာဒီမာပူတင္ရဲ႕ေၾကးစားစစ္အုပ္စုမွာ ပိန္ခ်ဳံးခ်ည့္နဲ႔ေနတဲ့ ႐ုရွားအက်ဥ္းသားမ်ားကို ေတြ႕ရွိရျခင္းမွာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ႐ုရွားအတြက္ တိုက္ခိုက္ေပးေနတဲ့ ဂ်ာမန္ႏိုင္ငံသားႏွစ္ဦးကို ဇန္နဝါရီလ လယ္ပိုင္းမွ ျမင္ေတြ႕ရျခင္းဟာ အေတာ္ေလး တုန္လႈပ္စရာေကာင္းပါတယ္လို႔ MSN’s Daily Digest က ယမန္ေန႔ ေရးသားပါတယ္။

ဘက္ခ္မြတ္ၿမိဳ႕ဟာ ယူကရိန္းအေရွ႕ပိုင္းနဲ႔ ႐ုရွားလိုလားသူ ခြဲထြက္ ဒြန္ညက္ေအာဘလတ္တို႔အၾကားမွာ တည္ရွိပါ တယ္။ ၂ဝ၂၂ ခုႏွစ္ ေမလ ပြန္ပတ္နာေရွ႕တန္းမွ ယူကရိန္းတို႔ ဆုတ္ခြာသြားၿပီး ႐ုရွားတပ္မ်ား ေရွ႕တိုးလာခ်ိန္မွာ ဘက္ခ္မြတ္ၿမိဳ႕ အနီးတစ္ဝႈိက္ တိုက္ပြဲမ်ား စတင္ျဖစ္ပြားခဲ့ပါတယ္။ အဲဒီေနာက္ ဘက္ခ္မြတ္ဟာ ယူကရိန္းတပ္မ်ား၊ အေဇာ့တပ္လို႔ေခၚတဲ့ ယူကရိန္း အမ်ိဳးသားအေစာင့္တပ္မ်ားက တစ္ဖက္၊ ႐ုရွားလိုလားသူ ခြဲထြက္တပ္မ်ား၊ ႐ုရွား စစ္တပ္၊ ၀က္ဂ္နာေၾကးစားအုပ္စုတို႔တစ္ဖက္ ျပင္းထန္စြာ တိုက္ခိုက္ၾကရာ ေနရာျဖစ္သြားပါတယ္။

ယူကရိန္းတို႔က ပိုမို အထိနာဖြယ္တိုက္ပြဲမ်ားမွာ ေန႔စဥ္ စစ္သားေပါင္း ရာခ်ီေသဆုံးေနပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ႐ုရွားတို႔ က်ဴးေက်ာ္မႈေနာက္ပိုင္း ယူကရိန္းစစ္ပြဲအတြင္း အရက္စက္ဆုံး၊ ေသြးထြက္သံယိုနဲ႔ အေသ အေပ်ာက္အမ်ားဆုံးတိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိၿပီး ျပင္းထန္ပုံမွာ ယခင္ႏွစ္ႀကိမ္တိုင္ျဖစ္ပြားခဲ့ဖူးတဲ့ ကမာၻစစ္ႀကီး မ်ားနဲ႔ႏႈိင္းယွဥ္လို႔ရေၾကာင္း ေျပာၾကပါတယ္။

ယခုတစ္ႀကိမ္ ဖမ္းဆီးရမိခဲ့တဲ့ ႐ုရွားစစ္သုံ႔ပန္းမ်ားထဲမွာ ၀က္ဂ္နာအုပ္စုမွ အေတာ္မ်ားမ်ား ပါဝင္ေနၿပီး ဂ်ာမနီႏိုင္ငံ သားႏွစ္ဦးတို႔ကို ေတြ႕ရွိရပါတယ္။ လိုက္ပစ္ဇ္မွ တစ္ဦးနဲ႔ ဘာလင္မွ လာေရာက္သူ အျခားတစ္ဦးတို႔ျဖစ္ၾကပါတယ္။

ဂ်ာမန္ “တက္ဂက္စပီးဂ်ဲလ္” ေန႔စဥ္သတင္းစာဟာ ဂ်ာမနီႏိုင္ငံကူးလက္မွတ္ကို ကိုင္ေဆာင္ထားၿပီး ႐ုရွားတို႔ အတြက္ တိုက္ခိုက္ေပးေနသူ ေၾကးစားစစ္သားႏွစ္ဦးအနက္ အသက္ ၂၁ ႏွစ္အ႐ြယ္ရွိသူနဲ႔ ေတြ႕ဆုံေမးျမန္းခြင့္ ရရွိခဲ့ ပါတယ္။

အခုလို အခြင့္အေရး ရရွိလိုက္ျခင္းမွာလည္း လုံၿခဳံေရးအရ အမည္ရင္း မေဖာ္ျပထားတဲ့ ေတြ႕ဆုံေမးျမန္းသူဟာ ကိယက္ဗ္မွာ ယူကရိန္းတို႔ရဲ႕ ၃ ရက္ၾကာ စစ္ေၾကာမႈအတြင္း အဂၤလိပ္စကား မေျပာႏိုင္တဲ့ အက်ဥ္းသားႏွစ္ဦး အတြက္ ဘာသာျပန္အျဖစ္ ေဆာင္႐ြက္ေပးခဲ့ရလို႔ျဖစ္ပါတယ္။

ဂ်ာမန္အက်ဥ္းသားႏွစ္ဦးအနက္ တစ္ဦးကို “ေဗာ္လ္ကာ” လို႔ ေခၚပါတယ္။ ၂ဝ၂၂ ခုႏွစ္ စက္တင္ဘာလမွာ ဝက္ဂ္နာ အုပ္စုသို႔ဝင္ေရာက္ဖို႔ ဘာလင္မွ ထြက္ခြာခဲ့သူျဖစ္ၿပီး ယခင္စစ္မႈထမ္းအေတြ႕အႀကဳံမရွိေပမယ့္ ေရရွည္ အလုပ္လက္မဲ့ျဖစ္ခဲ့ရတဲ့အတြက္ေၾကာင့္လို႔ ဆိုပါတယ္။

သူဟာ ပိုက္ဆံအတြက္ အလုပ္လုပ္သူျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံရဲ႕ဝက္ဂ္နာအုပ္စုမွာ တပ္ဖြဲ႕ဝင္မ်ားဟာ တစ္လလွ်င္ ေဒၚလာ ၅ဝဝဝ အျပင္ ေထာက္ပံ့ေၾကးမ်ား ေပါင္းၿပီး စုစုေပါင္း အေမရိကန္ေဒၚလာ ၇ဝဝဝ ခန္႔ ရရွိႏိုင္ပါတယ္။ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ ယူကရိန္းစစ္သားတစ္ဦးအေနျဖင့္ အေထြေထြအခ်က္အလက္မ်ားကို သတင္းေပးသူဟာ တစ္လလွ်င္ ယူ႐ို ၃ဝဝဝ သာ ရရွိမွာျဖစ္ၿပီး၊ အေမရိကန္ေဒၚလာ ၃၂၅ဝ စြန္းစြန္းေလာက္ ရွိပါတယ္။

ဝက္ဂ္နာေတြဟာ ႏိုင္ငံျခားသားမ်ားကို သတ္ျဖတ္ႏိုင္လွ်င္ ေဒၚလာ ၁ဝဝဝဝ ထပ္ေဆာင္း ရရွိပါတယ္။ ရန္သူ ႏိုင္ငံျခားသားတစ္ဦးကိုသတ္ၿပီးတိုင္း အေလာင္းရဲ႕ပတ္စ္ပို႔ကို သက္ေသအျဖစ္တင္ျပမယ္ဆိုရင္ ေနာက္ထပ္ ေဒၚ လာ ၁ဝဝဝဝ ရရွိတယ္လို႔ ေဗာ္လ္ကာက ေျပာပါတယ္။ ယူကရိန္းမွာ ႐ုရွားေၾကးစားစစ္သား ၅ဝဝဝဝ ခန္႔ေရာက္ ရွိေနၿပီး ဘက္ခ္မြတ္စစ္ေျမျပင္မွာ ၀က္ဂ္နာအုပ္စုအတြက္ တိုက္ပြဲ၀င္ေနသူ အေမရိကန္၊ ျပင္သစ္၊ ၿဗိတိန္နဲ႔ ဆီးရီးယားႏိုင္ငံသားမ်ားကိုလည္း ဖမ္းဆီးရမိထားတယ္လို႔ တက္ ဂတ္စပီးဂ်ဲလ္သတင္းစာက ေရးပါတယ္။

ဝက္ဂ္နာအုပ္စုဟာ ႐ုရွားလုံၿခဳံေရးနဲ႔စစ္ဘက္ဆိုင္ရာ ပုဂၢလိက အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ဂ်ာမန္ေဒသဆိုင္ရာ လူထုဆက္သြယ္ေရး႐ုပ္သံ႒ာန ARD အဆိုအရ ပုံမွန္႐ုရွားစစ္တပ္က ပါဝင္လိုျခင္းမရွိတဲ့ လႈပ္ရွားမႈမ်ိဳးမွာ လုပ္ကိုင္ ေပးရေလ့ရွိတယ္လို႔ ဆိုပါတယ္။

ဝက္ဂ္နာအုပ္စုကို ႐ုရွားစြန႔္ဦးတီထြင္သူ စစ္သားေဟာင္း ဒီမီထရီ ဗယ္လ္ယာေရဗစ္ခ္်အူးကင္နဲ႔ ပူတင့္အေပၚ သစၥာေစာင့္သိသူ အမာခံ ယက္ေဂနီ ဗစ္တို႐ိုဗစ္ခ္် ပရီဂိုဇင္တို႔က ၂ဝ၁၄ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ပါတယ္။

ကနဦးအစ ဝက္ဂ္နာအုပ္စုဟာ ဆီးရီးယားျပည္တြင္းစစ္မွာ ပါဝင္ေဆာင္႐ြက္ခဲ့တဲ့ ေဟာင္ေကာင္မွတ္ပုံတင္ “ဆလားဗစ္ ေကာ္ပိုေရးရွင္း” ေခၚ စစ္ဘက္ဆိုင္ရာ ပုဂၢလိက ကန္ထ႐ိုက္လုပ္ငန္းကို ဖ်က္သိမ္းၿပီး လက္က်န္ ၁ဝ ဦးသာ ပါဝင္ခဲ့တယ္လို႔ ေျပာၾကပါတယ္။

ေစာေစာပိုင္း ၀က္ဂ္နာတို႔ဟာ ႐ုရွားအတြက္ လွ်ိဳ႕ဝွက္စြာ တိုက္ခိုက္ခဲ့တဲ့ အရိပ္စစ္တပ္ျဖစ္တယ္လို႔ ဆိုၾကၿပီး ယူကရိန္းစစ္ပြဲကာလ ႐ုရွားနဲ႔ ၎တို႔ရဲ႕ပူးေပါင္းေဆာင္႐ြက္မႈဟာ ၂ဝ၂၂ ခုႏွစ္ကတည္းက တရားဝင္ျဖစ္ေၾကာင္း ပရီကိုဇင္က သူ႔ရဲ႕ဝက္ဘ္ဆိုက္ “ကြန္ေကာ့” မွာ ေဖာ္ျပထားပါတယ္။

ဝက္ဂ္နာတို႔ဟာ သူတို႔ရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈမ်ားနဲ႔ စဥ္းလဲျခင္းမ်ားေၾကာင့္ လူသိမ်ားတဲ့ ေၾကးစားအုပ္စုျဖစ္ ေၾကာင္း၊ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အဆုံးစီရင္ျခင္း (သို႔မဟုတ္) ညႇဥ္းပန္းႏွိပ္စက္ေနပုံ ဗီဒီယိုမ်ားနဲ႔ ေခါင္းစဥ္ တပ္သတင္းမ်ားကို ပုံမွန္ဖန္တီးေနၾကတယ္လို႔ ဂ်ာမန္ “ဖရင့္ဖတ္တာ ရန္းရႈိး” သတင္းေအဂ်င္စီက ေရးဖူးပါတယ္။

၂ဝ၂၂ ခုႏွစ္ကတည္းက ဝက္ဂ္နာအုပ္စုအတြက္ ေၾကးစားစစ္သားမ်ားကို ႐ုရွားအက်ဥ္းေထာင္မ်ားမွ ေခၚယူခဲ့ ေၾကာင္း၊ အက်ဥ္းသားမ်ားအေနနဲ႔ ဝက္ဂ္နာနဲ႔ပူးေပါင္းမယ္ဆိုရင္ သူတို႔ရဲ႕ျပစ္ဒဏ္မွ လြတ္ၿငိမ္းခြင့္ေပးမယ္လို႔ ကတိျပဳေၾကာင္း၊ အဲဒီလိုေထာင္သားမ်ားနဲ႔ လူသစ္စုေဆာင္းျခင္းမတိုင္မီ ဝက္ဂ္နာအုပ္စုဟာ ႐ုရွားစစ္တပ္မွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ စစ္သည္ေဟ

Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

လူနာပို့ပြီး ပြန်လာသည့် လူမှုကူညီရေးအသင်းယာဉ် ပစ်ခတ်ခံခဲ့ရကာ ယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာများရရှိခဲ့

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved