• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
အမေရိကန်တို့ ပစ်ချလိုက်သော စပိုင်မိုးပျံပူဖောင်းအပျက်အစီးများကို ပြန်ပေးရန် တရုတ်အစိုးရ တောင်းဆို

Pika (NP News) - ဖေဖော်ဝါရီ ၈

ဖေဖော်ဝါရီ(၄)ရက်က အမေရိကန် အရှေ့ဖက်ကမ်းရိုးတန်းတွင် စစ်တပ်က ပစ်ချလိုက်သော တရုတ်စပိုင်မိုးပျံ ပူဖောင်းမှ အပျက်အစီးများကို ပြန်ပေးစေလိုကြောင်း အဆိုပါမိုးပျံပူဖောင်းသည် တရုတ်နိုင်ငံမှ ပိုင်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning သည် မိုးပျံပူဖောင်း၏ အပျက်အစီးများကို ပြန်လည်ပေးရန် တောင်းဆိုခြင်း ရှိ/မရှိ မေးမြန်းခြင်းအပေါ် ယင်းကဲ့သို့တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းက "ဒီမိုးပျံပူဖောင်းဟာ အမေရိကန်နိုင်ငံနဲ့ မသက်ဆိုင်ပါဘူး၊၊ ဒါက တရုတ်နိုင်ငံပိုင်ပါ" ဟု ပြောဆိုခဲ့သည်။ အမေရိကန်တိုက်လေယာဥ်သည် တရုတ်စပိုင်မိုးပျံပူဖောင်းကို တောင်ကာရိုလိုင်းနားကမ်းရိုးတန်း တွင် ပစ်ချခဲ့ပြီး နောက် သုံးရက်အကြာတွင် Mao Ning ၏ မှတ်ချက်ပေးမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ စပိုင်မိုးပျံပူဖောင်းကို ဖေဖော်ဝါရီ(၁)ရက်က မွန်တာနာမြို့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ် က ပြောကြားခဲ့သည်။ ပစ်ချခြင်း မပြုလုပ်မီ မိုးပျံပူဖောင်းကို အမေရိကန်၏ နျူကလီးယားဒုံးကျည်ပစ်လွှတ်ရာ နေရာနှင့် အခြားအရေးကြီးသော စစ်ဖက်ဆိုင်ရာအဆောက်အဦးများအပေါ်မှ ဖြတ်ကျော် ပျံသန်းခွင့်ပေးခဲ့သည့်အတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း လည်း သိရသည်။ 

မိုးပျံပူဖောင်သည် မိုးလေဝသသုတေသနများလုပ်ဆောင်ရန်အတွက် လွှတ်တင်ထားသော မိုးပျံပူဖောင်းတစ်ခု ဖြစ်ပြီး အမေရိကန်ပိုင်နက်ထဲသို့ မတော်တဆဝင်သွားခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ(၃)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရေးသမားများနှင့် မီဒီယာအချို့သည် ယင်းဖြစ်ရပ်ကို သူလျှိုလုပ်သည်ဟု စွပ်စွဲပြီး တရုတ်နိုင်ငံကို အပုပ်ချနေကြောင်း Mao Ning က ပြောဆိုခဲ့သည်။ Mao Ning သည် မိုးပျံပူဖောင်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ ထုတ်ဖော်ပြောကြားရန် တောင်းဆိုမှုများကို ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။

Mao Ning က "ဒီမိုးပျံပူဖောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို တရုတ်ဖက်က ပြောကြားခဲ့ပြီးပါပြီ၊၊ ဒီအချိန်မှာ ထပ်ထည့်ပြီး ပြောစရာအကြောင်းအရာတစ်ခုမှ ကျွန်မမှာ မရှိပါဘူး" ဟု ပြောဆိုခဲ့သည်။


Zawgyi Version; 

အေမရိကန္တို႔ ပစ္ခ်လိုက္ေသာ စပိုင္မိုးပ်ံပူေဖာင္းအပ်က္အစီးမ်ားကို ျပန္ေပးရန္ တ႐ုတ္အစိုးရ ေတာင္းဆို

Pika (NP News) - ေဖေဖာ္ဝါရီ ၈

ေဖေဖာ္ဝါရီ(၄)ရက္က အေမရိကန္ အေရွ႕ဖက္ကမ္း႐ိုးတန္းတြင္ စစ္တပ္က ပစ္ခ်လိုက္ေသာ တ႐ုတ္စပိုင္မိုးပ်ံ ပူေဖာင္းမွ အပ်က္အစီးမ်ားကို ျပန္ေပးေစလိုေၾကာင္း အဆိုပါမိုးပ်ံပူေဖာင္းသည္ တ႐ုတ္ႏိုင္ငံမွ ပိုင္ေသာ ပစၥည္းတစ္ခုျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Mao Ning သည္ မိုးပ်ံပူေဖာင္း၏ အပ်က္အစီးမ်ားကို ျပန္လည္ေပးရန္ ေတာင္းဆိုျခင္း ရွိ/မရွိ ေမးျမန္းျခင္းအေပၚ ယင္းကဲ့သို႔တုံ႔ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 

၎က "ဒီမိုးပ်ံပူေဖာင္းဟာ အေမရိကန္ႏိုင္ငံနဲ႔ မသက္ဆိုင္ပါဘူး၊၊ ဒါက တ႐ုတ္ႏိုင္ငံပိုင္ပါ" ဟု ေျပာဆိုခဲ့သည္။ အေမရိကန္တိုက္ေလယာဥ္သည္ တ႐ုတ္စပိုင္မိုးပ်ံပူေဖာင္းကို ေတာင္ကာ႐ိုလိုင္းနားကမ္း႐ိုးတန္း တြင္ ပစ္ခ်ခဲ့ၿပီး ေနာက္ သုံးရက္အၾကာတြင္ Mao Ning ၏ မွတ္ခ်က္ေပးမႈမ်ား ထြက္ေပၚလာျခင္း ျဖစ္သည္။

တ႐ုတ္ႏိုင္ငံ၏ စပိုင္မိုးပ်ံပူေဖာင္းကို ေဖေဖာ္ဝါရီ(၁)ရက္က မြန္တာနာၿမိဳ႕တြင္ စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္စစ္ဌာနခ်ဳပ္ က ေျပာၾကားခဲ့သည္။ ပစ္ခ်ျခင္း မျပဳလုပ္မီ မိုးပ်ံပူေဖာင္းကို အေမရိကန္၏ န်ဴကလီးယားဒုံးက်ည္ပစ္လႊတ္ရာ ေနရာႏွင့္ အျခားအေရးႀကီးေသာ စစ္ဖက္ဆိုင္ရာအေဆာက္အဦးမ်ားအေပၚမွ ျဖတ္ေက်ာ္ ပ်ံသန္းခြင့္ေပးခဲ့သည့္အတြက္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ေဝဖန္မႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရေၾကာင္း လည္း သိရသည္။ 

မိုးပ်ံပူေဖာင္သည္ မိုးေလဝသသုေတသနမ်ားလုပ္ေဆာင္ရန္အတြက္ လႊတ္တင္ထားေသာ မိုးပ်ံပူေဖာင္းတစ္ခု ျဖစ္ၿပီး အေမရိကန္ပိုင္နက္ထဲသို႔ မေတာ္တဆဝင္သြားျခင္းျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ(၃)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

အေမရိကန္ႏိုင္ငံေရးသမားမ်ားႏွင့္ မီဒီယာအခ်ိဳ႕သည္ ယင္းျဖစ္ရပ္ကို သူလွ်ိဳလုပ္သည္ဟု စြပ္စြဲၿပီး တ႐ုတ္ႏိုင္ငံကို အပုပ္ခ်ေနေၾကာင္း Mao Ning က ေျပာဆိုခဲ့သည္။ Mao Ning သည္ မိုးပ်ံပူေဖာင္းႏွင့္ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္မ်ား ထုတ္ေဖာ္ေျပာၾကားရန္ ေတာင္းဆိုမႈမ်ားကို ျငင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။

Mao Ning က "ဒီမိုးပ်ံပူေဖာင္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြအားလုံးကို တ႐ုတ္ဖက္က ေျပာၾကားခဲ့ၿပီးပါၿပီ၊၊ ဒီအခ်ိန္မွာ ထပ္ထည့္ၿပီး ေျပာစရာအေၾကာင္းအရာတစ္ခုမွ ကြၽန္မမွာ မရွိပါဘူး" ဟု ေျပာဆိုခဲ့သည္။


Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

နိုင်ငံ့စီးပွားရေးကို အခြားနိုင်ငံများ၏ ထိန်းချုပ်မှုဖြင့် ဆောင်ရွက်၍မရဟု တပ်ချုပ်ပြော

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved