ဘဝမှာ ထီကို ပထမဆုံးအကြိမ်ထိုးပြီး ထီဆုကြီးပေါက်သွားတဲ့ ကနေဒါအမျိုးသမီး
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈
ကနေဒါနိုင်ငံ Ontario မြောက်ပိုင်းက အမျိုးသမီးတစ်ဦးဟာ အမေရိကန်ဒေါ်လာ ၄၈ သန်းတန်ဖိုးရှိ ထီဆုကြီး ပေါက်ခဲ့ရာ ထီဆုကြီးပေါက်တဲ့ ကနေဒါနိုင်ငံသားတွေထဲ အသက်ငယ်ဆုံးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
Algoma အယ်လ်ဂိုမာတက္ကသိုလ်ကျောင်းသူ ဂျူးလီယက် လာမာဟာ သူ့အဘိုး အကြံပေးလို့ စတိုးဆိုင်ကနေ ထီထိုးခဲ့ခြင်းဖြစ်ကြောင်း၊ အဲဒီထီထိုးမှုဟာ သူမဘဝမှာ ပထမဆုံး ထီထိုးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဂျူးလီးယက်လာမာဟာ သူ့ဘဝမှာ ပထမဆုံးထိုးတဲ့ထီကနေ ဒေါ်လာ ၄၈ သန်းတန် ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။
ဂျူးလီးယက်လာမာ က ''၁၈ နှစ်ပြည့်ပြီဆိုတော့ ထီထိုးပြီး ကံစမ်းကြည့်ပါလားလို့ အဘိုးကအကြံပေးခဲ့တယ်။ အဲဒါနဲ့ ထီထိုးလိုက်တာ'' လို့ ပြောပါတယ်။
၎င်းဟာ ထီထိုးထားတာကို မေ့နေခဲ့ကြောင်း၊ ထီဆုကြီး ပေါက်သွားသူက နေထိုင်သူဆိုတဲ့ သတင်းကြားချိန်ရောက် မှ ထိုးထားတဲ့ထီကို mobile app နဲ့ တိုက်ခဲ့ခြင်းဖြစ်ပြီး၊ ထီဆုကြီးပေါက်တာကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပါ တယ်။ ဂျူးလီးယက်လာမာဟာ ၅ နှစ်သမီးအရွယ်တုန်းက သူ့စုဘူးလေးခွဲပြီး ဟေတီငလျင်ဒဏ် ခံစားနေရသူတွေ ကို ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း၊ စုဘူးခွဲလိုက်တာ ကနေဒါဒေါ်လာ ၆၁.၃၈ ရခဲ့ပြီး အဲဒီငွေအားလုံးကို ကနေဒါ ကြက်ခြေနီအဖွဲ့ထံ လှူဒါန်းခဲ့ခြင်းဖြစ်ရာ သူတို့ ညီအစ်မနှစ်ယောက် စုဘူးခွဲပြီး လှူဒါန်းတဲ့သတင်းကလည်း နိုင်ငံတကာစာမျက်နှာတွေမှာ ဖော်ပြခံခဲ့ရဖူးတယ်လို့ သိရပါတယ်။
၎င်းက "လက်ရှိအချိန်မှာ ထီဆုကြီးပေါက်ထားတဲ့ငွေကို ဘာလုပ်ရမယ်မှန်း မသိသေးဘူး။ ကောင်းတာလုပ်ရင် ကောင်းတာခံစားရမယ်မှန်း ကြားသိထားတယ်။ ကျွန်မဟာ လက်ရှိအချိန်မှာ အမှန်တကယ်ကို ဝမ်းသာပျော်ရွှင် ရပါတယ်။ ထီဆုကြီးပေါက်တဲ့ငွေတွေကို ကောင်းတဲ့အရာတွေပဲ လုပ်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဂျူးလီယက်လာမာဟာ ဆရာဝန်တစ်ဦးဖြစ်လိုတဲ့ ဆန္ဒကိုအကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
Zawgyi Version;
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ပိုလန်နိုင်ငံထံ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချပေးဖို့ အမေရိကန်အစိုးရ ခွင့်ပြု