• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
အိန္ဒိယက ဆေးဝါးထိန်းချုပ်ရေးစနစ် အားကောင်းစေရေးအတွက် အမေရိကန်ဒေါ်လာ သန်း (၈ဝ)နီးပါးသုံးစွဲမည်

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၅

အိန္ဒိယ ပြည်တွင်းထုတ် ချောင်းဆိုးပျောက်ဆေးများဟာ နိုင်ငံနှစ်ခုရှိ ကလေး (၈၉)ဦး သေဆုံးမှုမှာ ဆက်နွယ်မှုရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြခဲ့ပြီးနောက် အိန္ဒိယက ၎င်းရဲ့ ဆေးဝါးထိန်းချုပ်မှုစနစ် အားကောင်းစေရန် အမေရိကန်ဒေါ်လာ (၇၉ ဒသမ ၆)သန်း သုံးစွဲမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီလ ၃ ရက်(သောကြာနေ့)မှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယဟာ "ကမ္ဘာ့ဆေးဆိုင်"လို့ လူသိများပြီး ၎င်းရဲ့ ဆေးဝါးတင်ပို့မှုဟာ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း နှစ်ဆကျော်တိုးလာခဲ့ကာ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၂၄ ဒသမ ၅) ဘီလျံအထိ ရှိခဲ့ပါတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာမှာ အိန္ဒိယဆေးဝါး သံသယနဲ့ အနည်းဆုံး ကလေး (၇ဝ)ဦး သေဆုံးပြီး ဥဇဘက်ကစ္စတန်မှာ ကလေး (၁၉)ဦး သေဆုံးခဲ့ပါတယ်။

ယင်းအတွက် ကျန်းမာရေးဝန်ကြီး မန်ဆက်ခ်မန်ဒါဗီယာ က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် သောကြာနေ့မှာ မျှဝေထားတဲ့ အစိုးရအချက်အလက်များမှာ ပြည်နယ်နဲ့ နယ်မြေများမှာ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ စမ်းသပ်စစ်ဆေးခဲ့တဲ့ ဆေးဝါးနမူနာပေါင်း ၈၉ဝဝဝ မှာ ၂၅ဝဝ ကျော်သည် စံနှုန်းများနဲ့ မကိုက်ညီဘဲ ညစ်ညမ်းခြင်း သို့မဟုတ် အတုအယောင်များ ဖြစ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဖက်ဒရယ်အစိုးရဟာ ဆေးဝါးစမ်းသပ်ဓာတ်ခွဲခန်းအသစ်များ တည်ထောင်ခြင်းနဲ့ ရှိပြီးသားအရာများကို အဆင့်မြှင့်တင်ခြင်းအပါအဝင် ဆောင်ရွက်မှုများအတွက် ၎င်းရဲ့ ဝန်ကြီးဌာနထံ ရန်ပုံငွေ ခွဲဝေပေးထားကြောင်း၊ နိုင်ငံအတွင်း ဆေးဝါးတွေရဲ့ အရည်အသွေးကို သေချာစေဖို့ အစိုးရက အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားကြောင်း မန်ဒါဗီယာက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ရန်ပုံငွေတွေကို ဘယ်အချိန်မှာ ထောက်ပံ့ပေးမည်၊ မည်သို့အသုံးပြုမည်ကို သေချာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့လက WHO ဟာ ကလေးငယ်များကို အန္တရာယ်ရှိတဲ့ ညစ်ညမ်းဆေးဝါးများမှ ကာကွယ်ရန် "ချက်ချင်း ညှိနှိုင်းဆောင်ရွက်မှု" ပြုလုပ်ဖို့ တောင်းဆိုခဲ့ကာ WHO၊ US Food and Drug Administration နဲ့ နိုင်ငံခြား စည်းမျဉ်း အာဏာပိုင်များက အာဖရိကနဲ့ အာရှရှိ ကလေး (၃ဝဝ) ကျော် သေဆုံးခဲ့တဲ့ ညစ်ညမ်း ချောင်းဆိုးပျောက်ဆေးများရဲ့ အရင်းအမြစ်ကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။


zawgyi version

အိႏၵိယက ေဆးဝါးထိန္းခ်ဳပ္ေရးစနစ္ အားေကာင္းေစေရးအတြက္ အေမရိကန္ေဒၚလာ သန္း (၈ဝ)နီးပါးသုံးစြဲမည္

ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၅

အိႏၵိယ ျပည္တြင္းထုတ္ ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ားဟာ ႏိုင္ငံႏွစ္ခုရွိ ကေလး (၈၉)ဦး ေသဆုံးမႈမွာ ဆက္ႏြယ္မႈရွိေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေဖာ္ျပခဲ့ၿပီးေနာက္ အိႏၵိယက ၎ရဲ႕ ေဆးဝါးထိန္းခ်ဳပ္မႈစနစ္ အားေကာင္းေစရန္ အေမရိကန္ေဒၚလာ (၇၉ ဒသမ ၆)သန္း သုံးစြဲမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက ေဖေဖာ္ဝါရီလ ၃ ရက္(ေသာၾကာေန႔)မွာ ေျပာၾကားခဲ့ပါတယ္။

အိႏၵိယဟာ "ကမာၻ႔ေဆးဆိုင္"လို႔ လူသိမ်ားၿပီး ၎ရဲ႕ ေဆးဝါးတင္ပို႔မႈဟာ လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း ႏွစ္ဆေက်ာ္တိုးလာခဲ့ကာ ၂ဝ၂၁ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အထိ အေမရိကန္ေဒၚလာ (၂၄ ဒသမ ၅) ဘီလ်ံအထိ ရွိခဲ့ပါတယ္။ သို႔ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က ဂမ္ဘီယာမွာ အိႏၵိယေဆးဝါး သံသယနဲ႔ အနည္းဆုံး ကေလး (၇ဝ)ဦး ေသဆုံးၿပီး ဥဇဘက္ကစၥတန္မွာ ကေလး (၁၉)ဦး ေသဆုံးခဲ့ပါတယ္။

ယင္းအတြက္ က်န္းမာေရးဝန္ႀကီး မန္ဆက္ခ္မန္ဒါဗီယာ က စုံစမ္းစစ္ေဆးခဲ့ၿပီးေနာက္ ေသာၾကာေန႔မွာ မွ်ေဝထားတဲ့ အစိုးရအခ်က္အလက္မ်ားမွာ ျပည္နယ္နဲ႔ နယ္ေျမမ်ားမွာ ၂ဝ၂၁ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အထိ စမ္းသပ္စစ္ေဆးခဲ့တဲ့ ေဆးဝါးနမူနာေပါင္း ၈၉ဝဝဝ မွာ ၂၅ဝဝ ေက်ာ္သည္ စံႏႈန္းမ်ားနဲ႔ မကိုက္ညီဘဲ ညစ္ညမ္းျခင္း သို႔မဟုတ္ အတုအေယာင္မ်ား ျဖစ္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။

ဖက္ဒရယ္အစိုးရဟာ ေဆးဝါးစမ္းသပ္ဓာတ္ခြဲခန္းအသစ္မ်ား တည္ေထာင္ျခင္းနဲ႔ ရွိၿပီးသားအရာမ်ားကို အဆင့္ျမႇင့္တင္ျခင္းအပါအဝင္ ေဆာင္႐ြက္မႈမ်ားအတြက္ ၎ရဲ႕ ဝန္ႀကီးဌာနထံ ရန္ပုံေငြ ခြဲေဝေပးထားေၾကာင္း၊ ႏိုင္ငံအတြင္း ေဆးဝါးေတြရဲ႕ အရည္အေသြးကို ေသခ်ာေစဖို႔ အစိုးရက အမ်ိဳးမ်ိဳးေသာ စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္ထားေၾကာင္း မန္ဒါဗီယာက လႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။ ရန္ပုံေငြေတြကို ဘယ္အခ်ိန္မွာ ေထာက္ပံ့ေပးမည္၊ မည္သို႔အသုံးျပဳမည္ကို ေသခ်ာ မသိရေသးပါဘူး။

ၿပီးခဲ့တဲ့လက WHO ဟာ ကေလးငယ္မ်ားကို အႏၲရာယ္ရွိတဲ့ ညစ္ညမ္းေဆးဝါးမ်ားမွ ကာကြယ္ရန္ "ခ်က္ခ်င္း ညႇိႏႈိင္းေဆာင္႐ြက္မႈ" ျပဳလုပ္ဖို႔ ေတာင္းဆိုခဲ့ကာ WHO၊ US Food and Drug Administration နဲ႔ ႏိုင္ငံျခား စည္းမ်ဥ္း အာဏာပိုင္မ်ားက အာဖရိကနဲ႔ အာရွရွိ ကေလး (၃ဝဝ) ေက်ာ္ ေသဆုံးခဲ့တဲ့ ညစ္ညမ္း ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ားရဲ႕ အရင္းအျမစ္ကို စုံစမ္းစစ္ေဆးမႈ စတင္ခဲ့ပါတယ္။

Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

ရုရှားပိုင်နက်တွေကို တိုက်ခိုက်မည်ဆိုပါက ယူကရိန်းနိုင်ငံ မီးလောင်ပြာကျသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဟောင်း သတိပေးပြောဆို

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved