• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
တပ်မတော်မှ နိုင်ငံတော်အာဏာရယူမှု (၂)နှစ်ပြည့်နေ့၌ အသံတိတ်သပိတ်နှင့်အပြိုင် တပ်မတော် ဂုဏ်ပြုထောက်ခံပွဲများ ပြုလုပ်မည်

မျိုးကြီး (NP News) - ဇန်နဝါရီ ၃ဝ

တပ်မတော်မှ နိုင်ငံတော်အာဏာရယူမှု (၂)နှစ်ပြည့် နေ့၌ အသံတိတ်သပိတ်နှင့်အပြိုင် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ရန်အတွက် စီစဉ်ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အာဏာ ရယူခဲ့သည်မှာ လာမည့် ဖေဖော်ဝါရီလ ၁ ရက် တွင် (၂)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်၌ နစကအစိုးရအုပ်ချုပ်မှု (၂)နှစ်ပြည့် ဂုဏ်ပြုပွဲနှင့် ကာ/လုံ ကြိုဆိုပွဲကို တိုင်းပြည်ချစ်သူများ၊ တပ်မတော်ချစ်သူများနှင့် ရဟန်းရှင်လူပြည်သူများပူးပေါင်းကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် ဖေဖော်ဝါရီလ ၁ ရက်၊နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မိုက်ကယ်ကျော်မြင့် ဦးဆောင်ကာ စုဝေးဟောပြောခြင်း၊ စီတန်းလှည့်လည်ချီတက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အခြားတစ်ဖက်တွင်လည်း လာမည့် ဖေဖော်ဝါရီလ ၁ ရက်၌ နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအတွင်း အသံတိတ်သပိတ် (Silent Strike) တွင် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန်လည်း စည်းရုံးလှုံ့ဆော်မှုများရှိနေကို တွေ့ရသည်။

အဆိုပါနေ့ရက်အချိန်များအတွင်း နေအိမ်အတွင်း၌သာ နေထိုင်ကြရန်နှင့် လမ်းများနှင့်အများပြည်သူနေရာများတွင် လူသူကင်းမဲ့ကာ ခြောက်သွေ့တိတ်ဆိတ်နေစေခြင်းဖြင့် အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရန် လူမှုကွန်ရက်စာမျက်နှာများ ၌ လှုံဆော်လျက်ရှိသည်ကို တွေ့ရသည်။

အလားတူ ၎င်းအသံတိတ်သပိတ် (Silent Strike) ပြုလုပ်မှုအား တုံ့ပြန်သည့် အနေဖြင့် ပုံမှန်အတိုင်း လှုပ်ရှားသွားလာကြရန်နှင့် လိုအပ်ပါက အမြို့မြို့အနယ်နယ်တိုင်းတွင် တပ်မတော်ထောက်ခံပွဲများကို စုပေါင်းကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့က အသိ ပေးကြေညာထားသည်။

ထို့ကြောင့် လာမည့် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ရန်ကုန်မြို့အပါအဝင် အခြားသောမြို့နယ်များ၌ အသံတိတ်သပိတ်နှင့် တပ်မတော်ထောက်ခံပွဲများ၏ အားပြိုင်မှုများကို မြင်တွေ့ရဖွယ်ရှိနေသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော ပဋိပက္ခများကြောင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား အရပ်သားဦးရေ (၅ဝဝဝ)ကျော်မှာ အကြမ်း ဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရကာ အသက်စွန့်ပေးဆပ်ခဲ့ရသည့်အပြင် ကျေးရွာအများအပြားမှာလည်း မီးရှို့ဖျက်ဆီးခြင်း ခံထားရသည်။

ထို့ပြင် မြန်မာနိုင်ငံသားများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ PDF များအပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင်များမှာလည်း (၂)နှစ်တာကာလအတွင်း ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်များကြောင့် အများအပြားသေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးတို့အတွက် လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခများကို မည် သို့သောပုံစံဖြင့် အဆုံးသတ်မည်ကို သက်ဆိုင်ရာတာဝန်ရှိသူများအားမေးခွန်းထုတ်မှုများလည်း ရှိနေပြန်သည်။


zawgyi version

တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာရယူမႈ (၂)ႏွစ္ျပည့္ေန႔၌ အသံတိတ္သပိတ္ႏွင့္အၿပိဳင္ တပ္မေတာ္ ဂုဏ္ျပဳေထာက္ခံပြဲမ်ား ျပဳလုပ္မည္

မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၃ဝ

တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာရယူမႈ (၂)ႏွစ္ျပည့္ေန႔၌ အသံတိတ္သပိတ္ႏွင့္အၿပိဳင္ တပ္မေတာ္ေထာက္ခံပြဲမ်ား ျပဳလုပ္ရန္အတြက္ စီစဥ္ျပင္ဆင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

၂ဝ၂ဝ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ားရွိခဲ့သည္ဆိုေသာ အေၾကာင္းျပခ်က္ျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုင္ငံေတာ္အာဏာ ရယူခဲ့သည္မွာ လာမည့္ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ (၂)ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီ ျဖစ္သည္။

ေဖေဖာ္ဝါရီလ ၁ ရက္၌ နစကအစိုးရအုပ္ခ်ဳပ္မႈ (၂)ႏွစ္ျပည့္ ဂုဏ္ျပဳပြဲႏွင့္ ကာ/လုံ ႀကိဳဆိုပြဲကို တိုင္းျပည္ခ်စ္သူမ်ား၊ တပ္မေတာ္ခ်စ္သူမ်ားႏွင့္ ရဟန္းရွင္လူျပည္သူမ်ားပူးေပါင္းကာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲကို ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ေဖေဖာ္ဝါရီလ ၁ ရက္၊ေန႔လည္ ၁၂ နာရီမွ ညေန ၃ နာရီအထိ က်င္းပသြားမည္ျဖစ္ၿပီး မိုက္ကယ္ေက်ာ္ျမင့္ ဦးေဆာင္ကာ စုေဝးေဟာေျပာျခင္း၊ စီတန္းလွည့္လည္ခ်ီတက္ျခင္းတို႔ကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အျခားတစ္ဖက္တြင္လည္း လာမည့္ ေဖေဖာ္ဝါရီလ ၁ ရက္၌ နံနက္ ၁ဝ နာရီမွ ညေန ၃ နာရီအတြင္း အသံတိတ္သပိတ္ (Silent Strike) တြင္ ျပည္သူလူထုအေနျဖင့္ ပူးေပါင္းပါဝင္ၾကရန္လည္း စည္း႐ုံးလႈံ႕ေဆာ္မႈမ်ားရွိေနကို ေတြ႕ရသည္။

အဆိုပါေန႔ရက္အခ်ိန္မ်ားအတြင္း ေနအိမ္အတြင္း၌သာ ေနထိုင္ၾကရန္ႏွင့္ လမ္းမ်ားႏွင့္အမ်ားျပည္သူေနရာမ်ားတြင္ လူသူကင္းမဲ့ကာ ေျခာက္ေသြ႕တိတ္ဆိတ္ေနေစျခင္းျဖင့္ အသံတိတ္သပိတ္တြင္ ပူးေပါင္းပါဝင္ရန္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား ၌ လႈံေဆာ္လ်က္ရွိသည္ကို ေတြ႕ရသည္။

အလားတူ ၎အသံတိတ္သပိတ္ (Silent Strike) ျပဳလုပ္မႈအား တုံ႔ျပန္သည့္ အေနျဖင့္ ပုံမွန္အတိုင္း လႈပ္ရွားသြားလာၾကရန္ႏွင့္ လိုအပ္ပါက အၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းတြင္ တပ္မေတာ္ေထာက္ခံပြဲမ်ားကို စုေပါင္းကာ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း တပ္မေတာ္ခ်စ္ျမတ္ႏိုးသူမ်ားအဖြဲ႕က အသိ ေပးေၾကညာထားသည္။

ထို႔ေၾကာင့္ လာမည့္ ၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားေသာၿမိဳ႕နယ္မ်ား၌ အသံတိတ္သပိတ္ႏွင့္ တပ္မေတာ္ေထာက္ခံပြဲမ်ား၏ အားၿပိဳင္မႈမ်ားကို ျမင္ေတြ႕ရဖြယ္ရွိေနသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ခဲ့ေသာ ပဋိပကၡမ်ားေၾကာင့္ လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံသား အရပ္သားဦးေရ (၅ဝဝဝ)ေက်ာ္မွာ အၾကမ္း ဖက္သတ္ျဖတ္ျခင္းကိုခံခဲ့ရကာ အသက္စြန႔္ေပးဆပ္ခဲ့ရသည့္အျပင္ ေက်း႐ြာအမ်ားအျပားမွာလည္း မီးရႈိ႕ဖ်က္ဆီးျခင္း ခံထားရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသားမ်ားျဖစ္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္မေတာ္သားမ်ား၊ PDF မ်ားအပါအဝင္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕ဝင္မ်ားမွာလည္း (၂)ႏွစ္တာကာလအတြင္း ထိေတြ႕ပစ္ခတ္မႈျဖစ္စဥ္မ်ားေၾကာင့္ အမ်ားအျပားေသဆုံးခဲ့ရသည့္ ျဖစ္စဥ္မ်ားလည္း ရွိခဲ့သည္။

ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အၾကမ္းဖက္မႈမ်ား ရပ္တန႔္ေရးတို႔အတြက္ လက္ရွိျဖစ္ပြားေနဆဲ ပဋိပကၡမ်ားကို မည္ သို႔ေသာပုံစံျဖင့္ အဆုံးသတ္မည္ကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားအားေမးခြန္းထုတ္မႈမ်ားလည္း ရွိေနျပန္သည္။


Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

နိုင်ငံတော်၏အခြေအနေမှာ သာမန်မဟုတ်သည့်အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဆို

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved