• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
သဘာဝအတိုင်းမဟုတ်ဘဲ လူလုပ်ကပ်ရောဂါ ထပ်မံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ဘီလျံနာ ဘီလ်ဂိတ် သတိပေး

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅

အမေရိကန်ဘီလျံနာ သူဋ္ဌေးကြီးဘီလ်ဂိတ်က သြစတြေးလျနိုင်ငံအနေနဲ့ လူအများအပြားထိခိုက်ရဖွယ်ရှိနေတဲ့ လူလုပ်ကပ်ရောဂါတစ်ခုထပ်မံဖြစ်လာမှာကိုကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

ဘီလျံနာ ဘီလ်ဂိတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိLowy Institute think-tank အဖွဲ့မှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုး သတိ ပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

၎င်းက နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ မတူညီတဲ့ အရာတွေကို ဖြေရှင်းနိုင်ဖို့လိုအပ်ကြောင်း ၊ နောက်ထပ်ဖြစ်လာဖွယ်ရှိနေတဲ့ လူလုပ်ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကပ်ရောဂါအသစ်အတွက် ပြင်ဆင်မှုများကို ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဘီလ်ဂိတ်က သြစတြးလျဟာ နောက်ထပ်ကပ်ရောဂါအတွက်ပြင်ဆင်ရမှာဖြစ်ပြီးအဲဒီကပ်ရောဂါဟာ လူလုပ်ဗိုင်းရပ်စ်ကြောင့်ဖြစ်လာဖွယ်ရှိနေခြင်းဖြစ်ကြောင်းဆိုပါတယ်။ ဘီလ်ဂိတ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားချိန်မှာ ကမ္ဘာ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ခဲ့ကြောင်း၊ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကပ်ရောဂါနဲ့ပတ်သက်တဲ့ တုံ့ပြန်မှုတွေ ပိုမိုကောင်းမွန်လာဖွယ်ရှိနေကြောင်း ဆိုပါတယ်။

ဘီလ်ဂိတ်က "စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၁ဝ ထရီလျံခန့်အထိ ထိခိုက်ဆုံးရှုံးဖွယ်ရှိနေတဲ့ ကပ်ရောဂါအသစ်အတွက် ပြင်ဆင်ရမှာဖြစ်တယ်။ အနာဂတ်မှာဖြစ်လာဖွယ်ရှိတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့လိုအပ်တယ်။ ကူးစက်မှုရောဂါတွေခြိမ်းခြောက်မှုရှိလာမယ်ဆိုရင် ကမ္ဘာ့နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။ ကျွန်တော်တို့ဟာ ဒေသအတွင်း နဲ့ ကိုယ်ရဲ့နိုင်ငံ နှစ်ခုစလုံးမှာ ငါးနှစ်တစ်ကြိမ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်"လို့ပြောပါတယ်။


zawgyi version

သဘာဝအတိုင္းမဟုတ္ဘဲ လူလုပ္ကပ္ေရာဂါ ထပ္မံျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ဘီလ်ံနာ ဘီလ္ဂိတ္ သတိေပး

ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅

အေမရိကန္ဘီလ်ံနာ သူေ႒းႀကီးဘီလ္ဂိတ္က ၾသစေၾတးလ်ႏိုင္ငံအေနနဲ႔ လူအမ်ားအျပားထိခိုက္ရဖြယ္ရွိေနတဲ့ လူလုပ္ကပ္ေရာဂါတစ္ခုထပ္မံျဖစ္လာမွာကိုႀကိဳတင္ျပင္ဆင္ထားရမွာျဖစ္ေၾကာင္း သတိေပးေျပာဆိုလိုက္ပါတယ္။

ဘီလ်ံနာ ဘီလ္ဂိတ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ရွိLowy Institute think-tank အဖြဲ႕မွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳး သတိ ေပးေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ၎က ႏိုင္ငံေရးေခါင္းေဆာင္မ်ားအေနနဲ႔ မတူညီတဲ့ အရာေတြကို ေျဖရွင္းႏိုင္ဖို႔လိုအပ္ေၾကာင္း ၊ ေနာက္ထပ္ျဖစ္လာဖြယ္ရွိေနတဲ့ လူလုပ္ဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ ကပ္ေရာဂါအသစ္အတြက္ ျပင္ဆင္မႈမ်ားကို ပူးေပါင္းလုပ္ေဆာင္ဖို႔ လိုအပ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဘီလ္ဂိတ္က ၾသစၾတးလ်ဟာ ေနာက္ထပ္ကပ္ေရာဂါအတြက္ျပင္ဆင္ရမွာျဖစ္ၿပီးအဲဒီကပ္ေရာဂါဟာ လူလုပ္ဗိုင္းရပ္စ္ေၾကာင့္ျဖစ္လာဖြယ္ရွိေနျခင္းျဖစ္ေၾကာင္းဆိုပါတယ္။

ဘီလ္ဂိတ္က ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါျဖစ္ပြားခ်ိန္မွာ ကမာၻ႔ႏိုင္ငံမ်ားပူးေပါင္းေဆာင္႐ြက္မႈ ေကာင္းမြန္ခဲ့ေၾကာင္း၊ ႏိုင္ငံေတြၾကား ပူးေပါင္းေဆာင္႐ြက္မယ္ဆိုရင္ ကပ္ေရာဂါနဲ႔ပတ္သက္တဲ့ တုံ႔ျပန္မႈေတြ ပိုမိုေကာင္းမြန္လာဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။ ဘီလ္ဂိတ္က "စီးပြားေရးအရ အေမရိကန္ေဒၚလာ ၁ဝ ထရီလ်ံခန႔္အထိ ထိခိုက္ဆုံးရႈံးဖြယ္ရွိေနတဲ့ ကပ္ေရာဂါအသစ္အတြက္ ျပင္ဆင္ရမွာျဖစ္တယ္။ အနာဂတ္မွာျဖစ္လာဖြယ္ရွိတဲ့ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ကိုင္တြယ္ေျဖရွင္းရာမွာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားၾကား ပူးေပါင္းေဆာင္႐ြက္မႈ လုပ္ဖို႔လိုအပ္တယ္။ ကူးစက္မႈေရာဂါေတြၿခိမ္းေျခာက္မႈရွိလာမယ္ဆိုရင္ ကမာၻ႔ႏိုင္ငံမ်ားၾကား ပူးေပါင္းေဆာင္႐ြက္ရမွာျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ေဒသအတြင္း နဲ႔ ကိုယ္ရဲ႕ႏိုင္ငံ ႏွစ္ခုစလုံးမွာ ငါးႏွစ္တစ္ႀကိမ္ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ျပင္ဆင္မႈေတြလုပ္ဖို႔ လိုအပ္တယ္"လို႔ေျပာပါတယ္။

Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

မုံရွာမြို့ရှိ က.ည.န တိုင်းဒေသကြီးဦးစီးမှူးရုံးအား ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုဖြစ်ပွား

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved