• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
ဘင်္ဂလားဒေရှ်သို့ မြန်မာနိုင်ငံဘက်ခြမ်းမှ ကုန်စည်တင်ပို့မှုများ ပိုမိုမြင့်တက်လာခဲ့

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၃

နယ်စပ်ကုန်သွယ်ရေးဂိတ်များကိုဖြတ်သန်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ မြန်မာနိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုများသည် ယခင်ထက်ထက် ပိုမိုများပြားလာလျက်ရှိနေကြောင်း၊ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ကုန်စည်တင်ပို့မှုသည် တန်ချိန် ၈၆၂၇ ရှိခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၇၃၃ သန်း ရှိခဲ့ကြောင်း သိရသည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ့်နယ်စပ်ဒေသစစ်ဆေးရေးဂိတ်နှစ်ခုဖြစ်သော စစ်တွေ၊ မောင်းတော စစ်ဆေးရေးဂိတ်များ ကိုဖြတ်သန်းပြီး၊ မြန်မာနိုင်ငံဘက်ခြမ်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ငါးတင်သွင်းမှုသည် ၆၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ သလို ကုန်ပစ္စည်းအခြောက်တင်ပို့မှုက ၃၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ဘင်္ဂလားဒေရှ့်နိုင်ငံသို့ တင်ပို့သော ရေထွက်ပစ္စည်းများထဲတွင် မွေးမြူရေးကန်များတွင် မွေးမြူထားသော ရိုဟူ ငါးသလောက်၊ ငါးခြောက် စသည်တို့ဖြစ်ကြောင်း၊ ထို့အပြင် မန်ကျည်း၊ ကြွက်သွန်နီ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ အဝတ် အထည် စသည့် ပစ္စည်းများကိုလည်း တင်ပို့ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသည် မြန်မာနိုင်ငံမှတင်ပို့သော ရေထွက်ပစ္စည်းများနှင့် ပင်လယ်အစားအစာများကို မှီခိုနေရ ကြောင်း၊ အဆိုပါ ရေထွက်ပစ္စည်းများကို မြန်မာနိုင်ငံဘက်ခြမ်းမှ တင်သွင်းခြင်းသည် ဘင်္ဂလားဒေရှ့်နိုင်ငံအတွက် ကုန်ကျစရိတ်ကြီးမြင့်ခြင်း မရှိကြောင်းသိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ပြည်တွင်းငါးဈေးနှုန်းသည် မြင့်တက်နေခြင်းကြောင့် ဘင်္ဂလားဒေရှ့်ပြည်သူများသည် နေ့စဉ် အစားအစာများထဲတွင် ငါးစားနိုင်ခြင်း မရှိကြောင်းသိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံ၏ အဓိကစားသုံးကုန်များထဲတွင် ဆန် နှင့် ငါး တို့ဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ အဓိကတင်သွင်းနေရကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ အများဆုံးတင်ပို့သော ငါးများမှာ ဆယ်လ်မွန်ငါး၊ ငါးကြင်း၊ ပုစွန် တို့လည်း ပါဝင်ကြောင်း၊ အဆိုပါ ငါးများကို စစ်တကောင်း၊ ဒါကာ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံရှိ အခြားမြို့များထံ မပို့ခင် Teknaf မြို့သို့ ပထမဆုံး တင်ပို့ရကြောင်း သိရသည်။


Zawgyi Version;







Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမှာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူငါးဦး သေဆုံး

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved