ရန်ကုန်- ပုဂံ တိုက်ရိုက် အမြန်ရထားကို ယနေ့မှစတင်ကာ နေ့စဥ်ပြေးဆွဲပေးမည်
ယွန်း (NP News) - ဇန်န၀ါရီ ၂၃
ရန်ကုန်- ပုဂံတိုက်ရိုက် အမြန်ရထားကို ယနေ့(ဇန်နဝါရီလ ၂၃ ရက်)မှစ၍ နေ့စဥ်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
အမှတ်(၆၁)အဆန် အမြန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ(၄)နာရီ (၁၅)မိနစ်အချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး ပုဂံဘူတာသို့ နောက်တစ်ရက် နေ့လည်(၁၂) နာရီ တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အလားတူ အမှတ်(၆၂)အစုန် အမြန်ရထားသည်လည်း ပုဂံဘူတာမှ ညနေ(၄)နာရီ (၁၅)မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာသို့ နောက်တစ်ရက် နေ့လည် (၁၂)နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ဆိုထားသည်။
ရထားလက်မှတ်စျေးနှုန်းများမှာ ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် (၇၂ဝဝ)ကျပ်၊ အထက်တန်းလက်မှတ်တစ်စောင်လျှင် (၁၄၄ဝဝ)ကျပ် နှင့် အိပ်စင်ပါသောအထက် တန်း လက်မှတ်တစ်စောင်လျှင် (၁၉၈ဝဝ)ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမြန်ရထားသည် လမ်းခရီးတွင် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆီမြီးဆွဲ၊ ပြည်(ရွှေတံခါး)၊ အောင်လံ၊ ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေးနှင့် စုတည်ဟူ၍ ဘူတာ(၂၃)ခုတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် အထက်တန်းလက်မှတ်များကို (၃)ရက်ကြိုတင်၍ လည်းကောင်း၊ ရိုးရိုးလက်မှတ်များကို တစ်ရက်ကြိုတင်၍ လည်းကောင်း ရန်ကုန်ဘူတာကြီးရှိ လက်မှတ်ရုံများတွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ၎င်းရထားသည် ရန်ကုန်- ပုဂံ ခရီးစဥ်တွင် မောင်းနှင်ချိန် နာရီ(၂ဝ)နီးပါး ကြာမြင့်မည်ဖြစ်ပြီး နေ့စဥ် ပိတ်ရက်မရှိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
zawgyi version
ရန္ကုန္- ပုဂံ တိုက္႐ိုက္ အျမန္ရထားကို ယေန႔မွစတင္ကာ ေန႔စဥ္ေျပးဆြဲေပးမည္
ယြန္း (NP News) - ဇန္န၀ါရီ ၂၃
ရန္ကုန္- ပုဂံတိုက္႐ိုက္ အျမန္ရထားကို ယေန႔(ဇန္နဝါရီလ ၂၃ ရက္)မွစ၍ ေန႔စဥ္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သတင္းရရွိသည္။ အမွတ္(၆၁)အဆန္ အျမန္ရထားသည္ ရန္ကုန္ဘူတာမွ ညေန(၄)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ထြက္ခြာမည္ျဖစ္ၿပီး ပုဂံဘူတာသို႔ ေနာက္တစ္ရက္ ေန႔လည္(၁၂) နာရီ တြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ အမွတ္(၆၂)အစုန္ အျမန္ရထားသည္လည္း ပုဂံဘူတာမွ ညေန(၄)နာရီ (၁၅)မိနစ္တြင္ ထြက္ခြာမည္ျဖစ္ၿပီး ရန္ကုန္ဘူတာသို႔ ေနာက္တစ္ရက္ ေန႔လည္ (၁၂)နာရီတြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ ဆိုထားသည္။
ရထားလက္မွတ္ေစ်းႏႈန္းမ်ားမွာ ႐ိုး႐ိုးတန္းလက္မွတ္တစ္ေစာင္လွ်င္ (၇၂ဝဝ)က်ပ္၊ အထက္တန္းလက္မွတ္တစ္ေစာင္လွ်င္ (၁၄၄ဝဝ)က်ပ္ ႏွင့္ အိပ္စင္ပါေသာအထက္ တန္း လက္မွတ္တစ္ေစာင္လွ်င္ (၁၉၈ဝဝ)က်ပ္ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အျမန္ရထားသည္ လမ္းခရီးတြင္ သာယာဝတီ၊ လက္ပံတန္း၊ မင္းလွ၊ အုတ္ဖို၊ ႀကိဳ႕ပင္ေကာက္၊ ဇီးကုန္း၊ နတၱလင္း၊ ေပါင္းတည္၊ ပုတီးကုန္း၊ သဲကုန္း၊ ဆီၿမီးဆြဲ၊ ျပည္(ေ႐ႊတံခါး)၊ ေအာင္လံ၊ ဆတ္သြား၊ ေတာင္တြင္းႀကီး၊ ၿမိဳ႕သစ္၊ နတ္ေမာက္၊ ေလးအိမ္၊ သာျမား၊ ပင္းေခ်ာင္း၊ ေက်ာက္ပန္းေတာင္း၊ ငါ့မင္းေမးႏွင့္ စုတည္ဟူ၍ ဘူတာ(၂၃)ခုတြင္ ရပ္တန႔္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ လက္မွတ္ဝယ္ယူလိုသူမ်ားအေနျဖင့္ အထက္တန္းလက္မွတ္မ်ားကို (၃)ရက္ႀကိဳတင္၍ လည္းေကာင္း၊ ႐ိုး႐ိုးလက္မွတ္မ်ားကို တစ္ရက္ႀကိဳတင္၍ လည္းေကာင္း ရန္ကုန္ဘူတာႀကီးရွိ လက္မွတ္႐ုံမ်ားတြင္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။ ၎ရထားသည္ ရန္ကုန္- ပုဂံ ခရီးစဥ္တြင္ ေမာင္းႏွင္ခ်ိန္ နာရီ(၂ဝ)နီးပါး ၾကာျမင့္မည္ျဖစ္ၿပီး ေန႔စဥ္ ပိတ္ရက္မရွိ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌတို့ မကြာခင်တွေ့ဆုံ ဆွေးနွေးဖွယ်ရှိ