• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်သား(၂)သိန်းနီးပါး ထိခိုက်သေဆုံးခဲ့ကဲ့သို့ ယူကရိန်းစစ်သား (၁)သိန်းကျော် ထိခိုက်သေဆုံးထားကြောင်း နော်ဝေးစစ်တပ်အကြီးအကဲပြော

ာPika (NP News) - ဇန်နဝါရီ ၂၃

ရုရှားနှင့် ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သား(၁၈ဝဝဝဝ)ခန့်သည် သေဆုံး (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိခဲ့သလို ယူကရိန်းစစ်သား(၁ဝဝဝဝဝ)ခန့်နှင့် အရပ်သား(၃ဝဝဝဝ)ခန့် သေဆုံးခဲ့ကြောင်း နော်ဝေးစစ်တပ်အကြီးအကဲ ခရစ်စတိုအော်ဖာဆန် က ခန့်မှန်းပြောဆိုခဲ့သည်။

၎င်းက "ရုရှားတပ်ဖွဲ့ဝင်တွေ သေဆုံးတာ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အရေအတွက်ဟာ (၁၈ဝဝဝဝ) ခန့် ရှိနေပါတယ်၊၊ ယူကရိန်းစစ်တပ်ဖက်ကတော့ သေဆုံးတာ ဒါမှဟုတ် ထိခိုက်ဒဏ်ရာရရှိတဲ့အရေအတွက် (၁)သိန်းကျော်ရှိနေတယ်။ ဒါ့အပြင် စစ်ပွဲအတွင်းမှာ ယူကရိန်းအရပ်သား (၃)သောင်းခန့် သေဆုံးခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်၊၊အဆိုပါကိန်းဂဏန်းများကို မည်သို့တွက်ချက်ခဲ့သည့်ဆိုသည်ကိုတော့ နော်ဝေးစစ်တပ်အကြီးအကဲက ထုတ်ဖော် ပြောကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းတို့သည် ၎င်းတို့၏ အသေအပျောက်စာရင်းများကို အတည်တကျ ထုတ်ပြန်ခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ အဆိုပါစစ်ပွဲအတွင်းတွင် ရုရှားစစ်တပ်မှ သေဆုံး (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိသူ (၁)သိန်းကျော်ရှိသလို ယူကရိန်းဖက်ကလည်း အဆိုပါကိန်းဂဏန်းနီးပါးထိ ရှိခဲ့ ကြောင်း အမေရိကန်စစ်ဦးစီးချုပ်များဥက္ကဋ္ဌ မာ့ခ်မီလီက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ထုတ်ဖော်ပြောကြားခဲ့သည်၊၊ ရုရှားစစ်တပ်သည် ဆုံးရှုံးမှုများရှိနေသော်လည်း စစ်ပွဲကို အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ရုရှား၏ စစ်ရေးပြင်ဆင်မှုနှင့် လက်နက်ထုတ်လုပ်နိုင်စွမ်းများကို ကိုးကားပြီး နော်ဝေး စစ်တပ်အကြီးအကဲ ခရစ်စတိုအော်ဖာဆန် က ပြောကြားခဲ့သည်။

၎င်းက "စိုးရိမ်စရာအကောင်းဆုံးတစ်ခုကတော့ ရုရှားစစ်တပ်ရဲ့လေကြောင်းက တိုက်ခိုက်မှုတွေကို ယူကရိန်း စစ်တပ်က ဆက်ထိန်းထားနိုင်မှာလား ဆိုတဲ့အချက်ပါပဲ။ အခုချိန်ထိတော့ ဆက်လက်ထိန်းထားနိုင်တဲ့ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကိုတော့ တကယ်ကိုချီးကျူးပါတယ်" ဟု ပြောဆိုခဲ့သည်။ယူကရိန်းနိုင်ငံသို့ ဂျာမန်ထုတ်တင့်ကားများ အလျင်အမြန်ပေးပို့ပေးရန် ဂျာမနီနိုင်ငံကို ခရစ်စတိုအော်ဖာဆန်က တောင်းဆိုထားကြောင်းလည်း သိရသည်၊၊ ၎င်းက "ယူကရိန်းစစ်တပ်ဟာ ဆောင်းရာသီမှာ ထိုးစစ်ဆင်ဖို့အတွက် အဲဒီတင့်ကားတွေကို အမြန်ဆုံးလိုအပ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;

ယူကရိန္းစစ္ပြဲမွာ ႐ုရွားစစ္သား(၂)သိန္းနီးပါး ထိခိုက္ေသဆုံးခဲ့ကဲ့သို႔ ယူကရိန္းစစ္သား (၁)သိန္းေက်ာ္ ထိခိုက္ေသဆုံးထားေၾကာင္း ေနာ္ေဝးစစ္တပ္အႀကီးအကဲ ေျပာ

Pika (NP News) - ဇန္နဝါရီ ၂၃

႐ုရွားႏွင့္ ယူကရိန္းစစ္ပြဲတြင္ ႐ုရွားစစ္သား(၁၈ဝဝဝဝ)ခန႔္သည္ ေသဆုံး (သို႔မဟုတ္) ထိခိုက္ဒဏ္ရာရရွိခဲ့သလို ယူကရိန္းစစ္သား(၁ဝဝဝဝဝ)ခန႔္ႏွင့္ အရပ္သား(၃ဝဝဝဝ)ခန႔္ ေသဆုံးခဲ့ေၾကာင္း ေနာ္ေဝးစစ္တပ္အႀကီးအကဲ ခရစ္စတိုေအာ္ဖာဆန္ က ခန႔္မွန္းေျပာဆိုခဲ့သည္။၎က "႐ုရွားတပ္ဖြဲ႕ဝင္ေတြ ေသဆုံးတာ ဒါမွမဟုတ္ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့အေရအတြက္ဟာ (၁၈ဝဝဝဝ) ခန႔္ ရွိေနပါတယ္၊၊

ယူကရိန္းစစ္တပ္ဖက္ကေတာ့ ေသဆုံးတာ ဒါမွဟုတ္ ထိခိုက္ဒဏ္ရာရရွိတဲ့အေရအတြက္ (၁)သိန္းေက်ာ္ရွိေနတယ္။ ဒါ့အျပင္ စစ္ပြဲအတြင္းမွာ ယူကရိန္းအရပ္သား (၃)ေသာင္းခန႔္ ေသဆုံးခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္၊၊ အဆိုပါကိန္းဂဏန္းမ်ားကို မည္သို႔တြက္ခ်က္ခဲ့သည့္ဆိုသည္ကိုေတာ့ ေနာ္ေဝးစစ္တပ္အႀကီးအကဲက ထုတ္ေဖာ္ ေျပာၾကားခဲ့ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။ ႐ုရွားႏွင့္ ယူကရိန္းတို႔သည္ ၎တို႔၏ အေသအေပ်ာက္စာရင္းမ်ားကို အတည္တက် ထုတ္ျပန္ခဲ့ျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။ အဆိုပါစစ္ပြဲအတြင္းတြင္ ႐ုရွားစစ္တပ္မွ ေသဆုံး (သို႔မဟုတ္) ထိခိုက္ဒဏ္ရာရရွိသူ (၁)သိန္းေက်ာ္ရွိသလို ယူကရိန္းဖက္ကလည္း အဆိုပါကိန္းဂဏန္းနီးပါးထိ ရွိခဲ့ ေၾကာင္း အေမရိကန္စစ္ဦးစီးခ်ဳပ္မ်ားဥကၠ႒ မာ့ခ္မီလီက ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္၊၊

႐ုရွားစစ္တပ္သည္ ဆုံးရႈံးမႈမ်ားရွိေနေသာ္လည္း စစ္ပြဲကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ဆက္လက္ တိုက္ခိုက္ႏိုင္စြမ္းရွိေၾကာင္း ႐ုရွား၏ စစ္ေရးျပင္ဆင္မႈႏွင့္ လက္နက္ထုတ္လုပ္ႏိုင္စြမ္းမ်ားကို ကိုးကားၿပီး ေနာ္ေဝး စစ္တပ္အႀကီးအကဲ ခရစ္စတိုေအာ္ဖာဆန္ က ေျပာၾကားခဲ့သည္။ ၎က "စိုးရိမ္စရာအေကာင္းဆုံးတစ္ခုကေတာ့ ႐ုရွားစစ္တပ္ရဲ႕ေလေၾကာင္းက တိုက္ခိုက္မႈေတြကို ယူကရိန္း စစ္တပ္က ဆက္ထိန္းထားႏိုင္မွာလား ဆိုတဲ့အခ်က္ပါပဲ။ အခုခ်ိန္ထိေတာ့ ဆက္လက္ထိန္းထားႏိုင္တဲ့ ယူကရိန္းရဲ႕ ေလေၾကာင္းကာကြယ္ေရးစနစ္ေတြကိုေတာ့ တကယ္ကိုခ်ီးက်ဴးပါတယ္" ဟု ေျပာဆိုခဲ့သည္။ ယူကရိန္းႏိုင္ငံသို႔ ဂ်ာမန္ထုတ္တင့္ကားမ်ား အလ်င္အျမန္ေပးပို႔ေပးရန္ ဂ်ာမနီႏိုင္ငံကို ခရစ္စတိုေအာ္ဖာဆန္က ေတာင္းဆိုထားေၾကာင္းလည္း သိရသည္၊၊ ၎က "ယူကရိန္းစစ္တပ္ဟာ ေဆာင္းရာသီမွာ ထိုးစစ္ဆင္ဖို႔အတြက္ အဲဒီတင့္ကားေတြကို အျမန္ဆုံးလိုအပ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

ဆီးရီးယားနိုင်ငံရှိ ငါးထပ်တိုက်တစ်လုံး ပြိုကျခဲ့ပြီးနောက် အနည်းဆုံးလူ(၁၃)ဦး သေဆုံး

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved