မြန်မာနိုင်ငံရေးပြဿနာနှင့်ပတ်သက်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအစိုးရ ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂ဝ
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံရေး အခက်အခဲဖြေရှင်းနိုင်ရေးကြိုးပမ်းမှု သည် အလွန်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံရေးပဋိပက္ခသည် အာဆီယံဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေး တို့အပေါ် သွယ်ဝိုက်ပြီး သက်ရောက်မှုများရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ဖြစ်သူ Sidharto R. Suryodipuro က ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံရေးအခက်အခဲများကို အဆုံးသတ်နိုင်ရန်အတွက် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေးတွင် ပါဝင်နေသောအဖွဲ့အစည်းအားလုံးကြား ဆက်သွယ်ဆွေးနွေးမှု များဖြစ်လာစေရန် စီစဉ်ဆောင်ရမည်ဖြစ်သလို အားပေးကူညီမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦး က ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Sidharto R. Suryodipuro က "တွေ့ကြုံရင်ဆိုင် နေရတဲ့ နိုင်ငံရေးအခက်အခဲများမရှိအောင် မြန်မာနိုင်ငံကို အကူအညီပေးရာမှာ အင်ဒိုနိးရှားက အဓိကအခန်းကဏ္ဍ က ပါဝင်လုပ်ဆောင်မှာပါ" ဟု ဆိုသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများကို အဖြေရရှိရန်အတွက် အဖွဲ့အစည်းအားလုံးထံ ဆက်သွယ်ချဉ်းကပ်ဆောင်ရွက်မည့် သံတမန်ရေးနည်းလမ်းကိုဆောင်ရွက်နိုင်ရန်အတွက် အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်ရုံးကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူက "မြန်မာနိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး ဘုံသဘောတူညီမှုတွေကိုရှာဖွေနိုင်ဖို့ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ဆွေးနွေးနိုင် အောင် စီစဉ်ဆောင်ရွက်မှုများ၊ အာပေးကူညီမှုများ လုပ်ဆောင်မှာဖြစ်ပါတယ်" ဟု ဆိုသည်။မြန်မာနိုင်ငံသည် ၂ဝ၂၁ ခုနှစ် ဧပြီလက အာဆီယံခေါင်းဆောင်များနှင့်ရရှိခဲ့သော အာဆီယံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသည့်အတွက် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံထားရကြောင်း သိရသည်။
Zawgyi Version;
ျမန္မာႏိုင္ငံေရးျပႆနာႏွင့္ပတ္သက္ၿပီး အာဆီယံအလွည့္က်ဥကၠ႒ အင္ဒိုနီးရွားအစိုးရ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂ဝ
ျမန္မာႏိုင္ငံသည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေနျခင္းေၾကာင့္ ျမန္မာႏိုင္ငံေရး အခက္အခဲေျဖရွင္းႏိုင္ေရးႀကိဳးပမ္းမႈ သည္ အလြန္အေရးႀကီးေၾကာင္း၊ ျမန္မာႏိုင္ငံေရးပဋိပကၡသည္ အာဆီယံေဒသ၏ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ တည္ၿငိမ္ေရး တို႔အေပၚ သြယ္ဝိုက္ၿပီး သက္ေရာက္မႈမ်ားရွိေနေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦး ျဖစ္သူ Sidharto R. Suryodipuro က ဆိုသည္။
အင္ဒိုနီးရွားႏိုင္ငံသည္ ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားကို အဆုံးသတ္ႏိုင္ရန္အတြက္ ယခုႏွစ္ အာဆီယံအလွည့္က် ဥကၠ႒ တာဝန္ယူခ်ိန္အတြင္း ျမန္မာႏိုင္ငံေရးတြင္ ပါဝင္ေနေသာအဖြဲ႕အစည္းအားလုံးၾကား ဆက္သြယ္ေဆြးေႏြးမႈ မ်ားျဖစ္လာေစရန္ စီစဥ္ေဆာင္ရမည္ျဖစ္သလို အားေပးကူညီမႈမ်ား ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားအစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦး က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးျဖစ္သူ Sidharto R. Suryodipuro က " ေတြ႕ႀကဳံရင္ဆိုင္ ေနရတဲ့ ႏိုင္ငံေရးအခက္အခဲမ်ားမရွိေအာင္ ျမန္မာႏိုင္ငံကို အကူအညီေပးရာမွာ အင္ဒိုနိးရွားက အဓိကအခန္းက႑ က ပါဝင္လုပ္ေဆာင္မွာပါ" ဟု ဆိုသည္။ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္ ႏိုင္ငံေရးျပႆနာမ်ားကို အေျဖရရွိရန္အတြက္ အဖြဲ႕အစည္းအားလုံးထံ ဆက္သြယ္ခ်ဥ္းကပ္ေဆာင္႐ြက္မည့္ သံတမန္ေရးနည္းလမ္းကိုေဆာင္႐ြက္ႏိုင္ရန္အတြက္ အာဆီယံဥကၠ႒ ၏ အထူးကိုယ္စားလွယ္႐ုံးကို ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း ၎က ေျပာသည္။
အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးျဖစ္သူက "ျမန္မာႏိုင္ငံေရးျပႆနာနဲ႔ပတ္သက္ၿပီး ဘုံသေဘာတူညီမႈေတြကိုရွာေဖြႏိုင္ဖို႔ ျမန္မာႏိုင္ငံေရးမွာ ပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံးနဲ႔ ဆက္သြယ္ေဆြးေႏြးႏိုင္ ေအာင္ စီစဥ္ေဆာင္႐ြက္မႈမ်ား၊ အာေပးကူညီမႈမ်ား လုပ္ေဆာင္မွာျဖစ္ပါတယ္" ဟု ဆိုသည္။ ျမန္မာႏိုင္ငံသည္ ၂ဝ၂၁ ခုႏွစ္ ဧၿပီလက အာဆီယံေခါင္းေဆာင္မ်ားႏွင့္ရရွိခဲ့ေသာ အာဆီယံသေဘာတူညီခ်က္ ငါးခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္ျခင္းမရွိသည့္အတြက္ အာဆီယံထိပ္သီးအစည္းအေဝးမ်ား တက္ေရာက္ခြင့္ ပိတ္ပင္ခံထားရေၾကာင္း သိရသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
သံတွဲမြို့အနီးရှိ နယ်မြေခံရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်၏လေ့ကျင့်နေမှုများကို စစ်ဆေးခဲ့ပြီး စွမ်းရည်ပိုမိုမြင့်မားရေး အားထုတ်ရန် တပ်ချုပ်ဆို