မြန်မာနိုင်ငံတွင် လူဦးရေ (၁ဝဝဝ)၌ ဆရာဝန် တစ်ဦးနှုန်း မရှိသည့်အပြင် ကျန်းမာရေးလုပ်သားမှာလည်း (၂)ဦးပင် မပြည့်ဟုဆို
မျိုးကြီး (NP News) - ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် လူဦးရေ (၁ဝဝဝ)၌ ဆရာဝန် (ဝ ဒသမ ၃၇)ဦးနှင့် ကျန်းမာရေးလုပ်သား (၁ ဒသမ ၄၇) ဦးသာရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ဇန်နဝါရီလ ၁၃ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ပြုလုပ်သော စစ်ကိုင်း၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ၌ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်သည် နိုင်ငံတကာနှင့် နိုင်ငံအတွင်း၌ပါ ကပ်ရောဂါဘေးဒဏ်များနှင့် ကျန်းမာရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များ လျော့နည်းကျဆင်းမှု ကြုံတွေ့နေရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နိုင်ငံများအနေဖြင့် လူဦးရေ(၁ဝဝဝ)တွင် အနည်းဆုံး ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးလုပ်သား အနည်းဆုံး ၂ ဒသမ ၃ ဦးရှိသင့်ကြောင်း သတ်မှတ်ထားသည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် လူဦးရေ (၁ဝဝဝ)၌ ဆရာဝန် ဝ ဒသမ ၃၇ ဦး၊ ကျန်းမာရေးလုပ်သား ၁ ဒသမ ၄၇ ဦးရှိသည်ကို တွေ့ရှိရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်ထက် လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း နစကအကြီးအကဲက ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် မကြာသေးမီက ဖြစ်ပွားခဲ့သော နိုင်ငံရေးပဋိပက္ခတွင် ကျန်းမာရေးဝန်ထမ်းအချို့သည် လုပ်ငန်းခွင့်စွန့်ခွာမှုများ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံအတွင်း၌ရှိသော ကျန်းမာရေးဝန်ထမ်းအင်အားမှာ များစွာလျော့နည်းခဲ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားသည်။
zawgyi version
ျမန္မာႏိုင္ငံတြင္ လူဦးေရ (၁ဝဝဝ)၌ ဆရာဝန္ တစ္ဦးႏႈန္း မရွိသည့္အျပင္ က်န္းမာေရးလုပ္သားမွာလည္း (၂)ဦးပင္ မျပည့္ဟုဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၅
ျမန္မာႏိုင္ငံ၏ လက္ရွိအေျခအေနတြင္ လူဦးေရ (၁ဝဝဝ)၌ ဆရာဝန္ (ဝ ဒသမ ၃၇)ဦးႏွင့္ က်န္းမာေရးလုပ္သား (၁ ဒသမ ၄၇) ဦးသာရွိေၾကာင္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
၎က ဇန္နဝါရီလ ၁၃ ရက္တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ ျပဳလုပ္ေသာ စစ္ကိုင္း၊ ခ်င္းျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသမ်ား၌ တာဝန္ထမ္းေဆာင္ခဲ့ေသာ တပ္မေတာ္သားဆရာဝန္မ်ားအား ဂုဏ္ျပဳပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
လက္ရွိအခ်ိန္သည္ ႏိုင္ငံတကာႏွင့္ ႏိုင္ငံအတြင္း၌ပါ ကပ္ေရာဂါေဘးဒဏ္မ်ားႏွင့္ က်န္းမာေရးဆိုင္ရာလူ႔စြမ္းအားအရင္းအျမစ္မ်ား ေလ်ာ့နည္းက်ဆင္းမႈ ႀကဳံေတြ႕ေနရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕သည္ ႏိုင္ငံမ်ားအေနျဖင့္ လူဦးေရ(၁ဝဝဝ)တြင္ အနည္းဆုံး ဆရာဝန္တစ္ဦးႏွင့္ က်န္းမာေရးလုပ္သား အနည္းဆုံး ၂ ဒသမ ၃ ဦးရွိသင့္ေၾကာင္း သတ္မွတ္ထားသည္။ သို႔ေသာ္ ျမန္မာႏိုင္ငံအေနျဖင့္ လက္ရွိအခ်ိန္တြင္ လူဦးေရ (၁ဝဝဝ)၌ ဆရာဝန္ ဝ ဒသမ ၃၇ ဦး၊ က်န္းမာေရးလုပ္သား ၁ ဒသမ ၄၇ ဦးရွိသည္ကို ေတြ႕ရွိရၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕၏ သတ္မွတ္ခ်က္ထက္ ေလ်ာ့နည္းေနသည္ကို ေတြ႕ရွိရေၾကာင္း နစကအႀကီးအကဲက ထုတ္ေဖာ္ေျပာဆိုထားသည္။
ထို႔ျပင္ မၾကာေသးမီက ျဖစ္ပြားခဲ့ေသာ ႏိုင္ငံေရးပဋိပကၡတြင္ က်န္းမာေရးဝန္ထမ္းအခ်ိဳ႕သည္ လုပ္ငန္းခြင့္စြန႔္ခြာမႈမ်ား ျပဳလုပ္ခဲ့သည့္အတြက္ ႏိုင္ငံအတြင္း၌ရွိေသာ က်န္းမာေရးဝန္ထမ္းအင္အားမွာ မ်ားစြာေလ်ာ့နည္းခဲ့ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာဆိုထားသည္။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ယူကရိန်းအရှေ့ဘက်ပိုင်းရှိ ဆိုလီဒါမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ဆို