• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုအား (၁၆)နာရီနီးပါး ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိ

NP News - ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုအား (၁၆)နာရီနီးပါး ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၁၃)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၃)ရက်၊ ညနေ(၃)နာရီခွဲအချိန်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ လိပ်ပုတ်ကျေးရွာအမှတ်(၄)လမ်းမဘေးရှိ Grand Royal အရက်ချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်မှုအား level အဆင့်(၃) သတ်မှတ်ခဲ့ပြီး မီးသတ်ယာဉ်အစီး(၆ဝ)၊ မီးသတ်တပ်ဖွဲ့ဝင်(၄၅ဝ)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁ဝဝ)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ မီးလောင်မှုကြောင့် စက်ရုံရှိ RF 96% အရက်ဆီဂါလန် (၅ဝဝဝဝ)ဆံ့သော Tank (၃)လုံး၊ RF 50% အရက်ဆီလီတာ (၂ဝဝဝဝ)ဆံ့သော Tank (၆)လုံးနှင့် ဂိုဒေါင် (၃)လုံး မီးလောင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

၎င်းမီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များမှ ငြှိမ်းသတ်နေစဉ် ညနေ(၅)နာရီခွဲအချိန်၌ စက်ရုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစကမှ ဆိုထားသည်။

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါမီးလောင်မှုအား ည(၈) နာရီခွဲအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ဇန်နဝါရီလ(၁၄)ရက်၊ နံနက်(၇)နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံမီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား လက်ရှိတွင် စိစစ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။


zawgyi version

Grand Royal အရက္ခ်က္စက္႐ုံ မီးေလာင္မႈအား (၁၆)နာရီနီးပါး ျငႇိမ္းသတ္ခဲ့ရၿပီး မီးသတ္တပ္ဖြဲ႕ဝင္ (၁၂)ဦး ထိခိုက္ဒဏ္ရာရရွိ

NP News - ဇန္နဝါရီ ၁၅

ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ Grand Royal အရက္ခ်က္စက္႐ုံ မီးေလာင္မႈအား (၁၆)နာရီနီးပါး ျငႇိမ္းသတ္ခဲ့ရၿပီး မီးသတ္တပ္ဖြဲ႕ဝင္ (၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

နစကမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁၃)ရက္ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ဇန္နဝါရီလ(၁၃)ရက္၊ ညေန(၃)နာရီခြဲအခ်ိန္တြင္ ေမွာ္ဘီၿမိဳ႕နယ္၊ လိပ္ပုတ္ေက်း႐ြာအုပ္စု၊ လိပ္ပုတ္ေက်း႐ြာအမွတ္(၄)လမ္းမေဘးရွိ Grand Royal အရက္ခ်က္စက္႐ုံတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အဆိုပါမီးေလာင္မႈအား level အဆင့္(၃) သတ္မွတ္ခဲ့ၿပီး မီးသတ္ယာဥ္အစီး(၆ဝ)၊ မီးသတ္တပ္ဖြဲ႕ဝင္(၄၅ဝ)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ (၁ဝဝ)ဦးတို႔ျဖင့္ မီးျငႇိမ္းသတ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ မီးေလာင္မႈေၾကာင့္ စက္႐ုံရွိ RF 96% အရက္ဆီဂါလန္ (၅ဝဝဝဝ)ဆံ့ေသာ Tank (၃)လုံး၊ RF 50% အရက္ဆီလီတာ (၂ဝဝဝဝ)ဆံ့ေသာ Tank (၆)လုံးႏွင့္ ဂိုေဒါင္ (၃)လုံး မီးေလာင္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

၎မီးေလာင္မႈအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ ျငႇိမ္းသတ္ေနစဥ္ ညေန(၅)နာရီခြဲအခ်ိန္၌ စက္႐ုံအတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ မီးသတ္တပ္ဖြဲ႕ဝင္(၁၂)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ အဆိုပါမီးေလာင္မႈအား ည(၈) နာရီခြဲအခ်ိန္တြင္ မီးထိန္းႏိုင္ခဲ့ၿပီး ဇန္နဝါရီလ(၁၄)ရက္၊ နံနက္(၇)နာရီအခ်ိန္တြင္ မီးၿငိမ္းခဲ့ေၾကာင္း သိရသည္။ အဆိုပါစက္႐ုံမီးေလာင္ကြၽမ္းရသည့္ အေၾကာင္းရင္းႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ားအား လက္ရွိတြင္ စိစစ္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။


Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

မြန်မာနိုင်ငံတွင် လူဦးရေ (၁ဝဝဝ)၌ ဆရာဝန် တစ်ဦးနှုန်း မရှိသည့်အပြင် ကျန်းမာရေးလုပ်သားမှာလည်း (၂)ဦးပင် မပြည့်ဟုဆို

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved