• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
ထိုင်းနိုင်ငံထဲသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင် မှောင်ခိုတင်သွင်းရန်ကြိုးပမ်းသည့် နွားအကောင်ရေပေါင်း ၈၆ ကောင်ကို ဖမ်းဆီးရမိဟုဆို

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉

ထိုင်းနိုင်ငံ ပရာချက်ကီရီကန်ဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံထဲသို့ တရားမဝင်မှောင်ခိုတင်ပို့သည့် နွားအကောင်ရေ ၉ဝ နီးပါးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

နယ်ခြားစောင့် ရဲတပ်ရင်းမှူး ရဲမှူးကြီး တာဝီပါနိုအီက Thap Sakae  ဒေသ  Huai Yangအရပ်မှာ ကင်းလှည့်နေ ချိန်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုတင်ပို့လိုက်သော နွားအကောင်ရေ ၈၆ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ နွားဝယ်ယူသူများထံ နွားများရောင်းချနိုင်ရန်အတွက် ထိုင်း နှင့် မြန်မာ နယ်စပ်ဒေတစ်လျှောက်တွင် တရားမဝင် နွားများ မှောင်ခိုတင်သွင်းမှုများရှိနေသည်ဆိုသော သတင်းများကို လက်ခံရရှိခဲ့ပြီးနောက် တုံ့ပြန်ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ တင်သွင်းသော မှောင်ခိုနွားများ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထောက်လှမ်းရေးကင်မရာများတွင် အမည်မသိလူ ၃ ဦးသည် ထိုင်းနိုင်ငံထဲသို့ သဘာဝလမ်းကြောင်း ယူဆောင် လာခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့က နွားများ ယူဆောင်လာသူများကို ဖမ်းဆီးရန်ကြိုးပမ်းချိန်တွင် အဆိုပါ အမည်မသိသူ သုံးဦး သည် နွားများကိုထားကာ မှောင်ရိပ်ခိုကာတောထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့သည် နွားမှောင်ခိုသမား သုံးဦးကို မဖမ်းမိခဲ့သော်လည်း နွားများကို ဖမ်းမိခဲ့ကြောင်း၊ နွားအထီး ၈၄ ကောင် နှင့် နွားအမ ၂ ကောင်တို့ကို ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဘက် ခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့သော နွားများထဲတွင် အချို့သည် အာဟာရချို့တဲ့ပြီး ကျန်းမာရေးကောင်းမွန်သည့် ပုံစံမျိုးမရှိသည့်အတွက် ပြုစုကုသမှုများပြုလုပ်ရန် တိရစ္ဆာန်များကို quarantine ထားသည့်ဌာနထံ လွှဲပြောင်းပေးခဲ့ရကြောင်း ထိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ က ပြောသည်။နွားမှောင်ခိုတင်သွင်းရန်ကြိုးပမ်းသူများကို ဖမ်းမိအောင်ကြိုးပမ်းခဲ့ပြီး နွားမှောင်ခိုသမား သုံးဦးကို ဖမ်းမိမည်ဆိုလျှင် ထိုင်းနိုင်ငံအတွင်းသို့ တိရစ္ဆာန်များတင်သွင်းရန် ကြိုးပမ်းသောစွဲချက်အပြင် ၂ဝ၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော တိရစ္ဆာန် ကူးစက်ရောဂါအက်ဥပဒေများဖြင့် စွဲချက်တင်ခံရဖွယ်ရှိနေကြောင်း သိရသည်။


Zawgyi Version;

ထိုင္းႏိုင္ငံထဲသို႔ ျမန္မာႏိုင္ငံဘက္ျခမ္းမွ တရားမဝင္ ေမွာင္ခိုတင္သြင္းရန္ႀကိဳးပမ္းသည့္ ႏြားအေကာင္ေရေပါင္း ၈၆ ေကာင္ကို ဖမ္းဆီးရမိဟုဆို        

ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၉          

ထိုင္းႏိုင္ငံ ပရာခ်က္ကီရီကန္ေဒသရွိ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕သည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ျမန္မာႏိုင္ငံဘက္ျခမ္းမွ ထိုင္းႏိုင္ငံထဲသို႔ တရားမဝင္ေမွာင္ခိုတင္ပို႔သည့္ ႏြားအေကာင္ေရ ၉ဝ နီးပါးကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ ျပန္လိုက္သည္။နယ္ျခားေစာင့္ ရဲတပ္ရင္းမႉး ရဲမႉးႀကီး တာဝီပါႏိုအီက Thap Sakae  ေဒသ  Huai Yangအရပ္မွာ ကင္းလွည့္ေန ခ်ိန္အတြင္း ထိုင္းႏိုင္ငံအတြင္းသို႔ ေမွာင္ခိုတင္ပို႔လိုက္ေသာ ႏြားအေကာင္ေရ ၈၆ေကာင္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ထိုင္းႏိုင္ငံေတာင္ပိုင္းရွိ ႏြားဝယ္ယူသူမ်ားထံ ႏြားမ်ားေရာင္းခ်ႏိုင္ရန္အတြက္ ထိုင္း ႏွင့္ ျမန္မာ နယ္စပ္ေဒတစ္ေလွ်ာက္တြင္ တရားမဝင္ ႏြားမ်ား ေမွာင္ခိုတင္သြင္းမႈမ်ားရွိေနသည္ဆိုေသာ သတင္းမ်ားကို လက္ခံရရွိခဲ့ၿပီးေနာက္ တုံ႔ျပန္ဖမ္းဆီးႏိုင္ရန္ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ထိုင္းႏိုင္ငံသို႔ ျမန္မာႏိုင္ငံဘက္ျခမ္းမွ တင္သြင္းေသာ ေမွာင္ခိုႏြားမ်ား ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေထာက္လွမ္းေရးကင္မရာမ်ားတြင္ အမည္မသိလူ ၃ ဦးသည္ ထိုင္းႏိုင္ငံထဲသို႔ သဘာဝလမ္းေၾကာင္း ယူေဆာင္ လာခဲ့ေၾကာင္း၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က ႏြားမ်ား ယူေဆာင္လာသူမ်ားကို ဖမ္းဆီးရန္ႀကိဳးပမ္းခ်ိန္တြင္ အဆိုပါ အမည္မသိသူ သုံးဦး သည္ ႏြားမ်ားကိုထားကာ ေမွာင္ရိပ္ခိုကာေတာထဲသို႔ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ထိုင္းနယ္ျခားေစာင့္ရဲတပ္ဖြဲ႕သည္ ႏြားေမွာင္ခိုသမား သုံးဦးကို မဖမ္းမိခဲ့ေသာ္လည္း ႏြားမ်ားကို ဖမ္းမိခဲ့ေၾကာင္း၊ ႏြားအထီး ၈၄ ေကာင္ ႏွင့္ ႏြားအမ ၂ ေကာင္တို႔ကို ဖမ္းမိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ျမန္မာႏိုင္ငံဘက္ ျခမ္းမွ ထိုင္းႏိုင္ငံဘက္သို႔ ေမွာင္ခိုတင္သြင္းရန္ ႀကိဳးပမ္းခဲ့ေသာ ႏြားမ်ားထဲတြင္ အခ်ိဳ႕သည္ အာဟာရခ်ိဳ႕တဲ့ၿပီး က်န္းမာေရးေကာင္းမြန္သည့္ ပုံစံမ်ိဳးမရွိသည့္အတြက္ ျပဳစုကုသမႈမ်ားျပဳလုပ္ရန္ တိရစာၦန္မ်ားကို quarantine ထားသည့္ဌာနထံ လႊဲေျပာင္းေပးခဲ့ရေၾကာင္း ထိုင္း နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ က ေျပာသည္။ႏြားေမွာင္ခိုတင္သြင္းရန္ႀကိဳးပမ္းသူမ်ားကို ဖမ္းမိေအာင္ႀကိဳးပမ္းခဲ့ၿပီး ႏြားေမွာင္ခိုသမား သုံးဦးကို ဖမ္းမိမည္ဆိုလွ်င္ ထိုင္းႏိုင္ငံအတြင္းသို႔ တိရစာၦန္မ်ားတင္သြင္းရန္ ႀကိဳးပမ္းေသာစြဲခ်က္အျပင္ ၂ဝ၁၅ ခုႏွစ္က ျပ႒ာန္းခဲ့ေသာ တိရစာၦန္ ကူးစက္ေရာဂါအက္ဥပေဒမ်ားျဖင့္ စြဲခ်က္တင္ခံရဖြယ္ရွိေနေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

ဖြစ်ပွားဆဲပဋိပက္ခများကြောင့် မြန်မာနိုင်ငံသားသေဆုံးမှု ပိုမိုများပြားလာပြီး အရပ်သား (၅ဝဝဝ)ကျော် အကြမ်းဖက်သတ်ဖြတ်ခံထားရ

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved