ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊အမှတ်(၁)ရပ်ကွက်မြို့တော်ခန်းမရှေ့ကားမှတ်တိုင်တွင်ဒီဇင်ဘာ၇ရက်နေ့၊နံနက်၁၀နာရီတွင်ဝန်ကြီးချုပ်နာမည်အသုံးပြု၍အမြတ်ထုတ်နေသူများကိုအရေးယူပေးပါရန်တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာသန်လျင်မြို့နယ်နေသူဦးအေးချိုမှတစ်ပေခွဲပတ်လည်ရှိကတ္ထူပေါ်တွင်"ဝန်ကြီးချုပ်နာမည်နာမကိုအသုံးချကာလုပ်ပိုင်ခွင့်အာဏာဘောင်ကျော်ပြီးကိုယ်ကျိုးအမြတ်ထုတ်နေသည့်ပုဂ္ဂိုယ်များကိုအရေးယူပေးပါ၊နိုင်ကျဉ်းဟောင်းတစ်ဦး"ဟုရေးသားကာတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်၍မကျေနပ်ချက်များကိုပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုမှာရဲစခန်းတွင်ကြိုတင်လျောက်တင်ထားခြင်းမရှိသည့်အတွက်ကျောက်တံတားမြို့မရဲစခန်း၊ဒုတိယစခန်းမှူးရဲအုပ်ကျော်စိုးနိုင်နှင့်အဖွဲ့မှဖမ်းဆီးကာကျောက်တံတားမြို့မရဲစခန်းသို့ခေါ်ဆောင်သွားပြီး၊(ပ)၄၀၉/၂၀၂၀ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ၁၉ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
Comments :
0 comments
COVOD-19 ရောဂါကြောင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်တွင် တာ့ခရိုင်အုပ်ချုပ်ရေးမှူးမှ တားမြစ်ချက်များထုတ်ပြန်