• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
စပိန်နိုင်ငံတွင် ဘတ်စ်ကားတစ်စီးမြစ်ထဲသို့ ထိုးကျခဲ့ခြင်းကြောင့် လူ(၆)ဦး သေဆုံး

Pika (NP News) - ဒီဇင်ဘာ ၂၆

စပိန်နိုင်ငံ အနောက်ပိုင်းရှိ ဂလက်စီးယားဒေသတွင် ဘတ်စ်ကားတစ်စီးသည် တံတားတစ်ခုကိုဖြတ်ကူးနေစဥ် မြစ်ထဲသို့ ထိုးကျခဲ့ခြင်းကြောင့် လူ(၆)ဦးသေဆုံးပြီး၊ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ (၂၅)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါမတော်တဆမှုသည် ဒီဇင်ဘာ(၂၄)ရက် ညတွင် ပေါ်တူဂီနိုင်ငံနယ်စပ်ရှိ ဗီဂိုမြို့အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါဘတ်စ်ကားပေါ်တွင် ဂလက်စီးယားဒေသ အလယ်ပိုင်းရှိ Monterroso အကျဥ်းထောင်မှာ အကျဥ်းကျနေသူများကို လာရောက်တွေ့သည့်သူများ လိုက်ပါစီးနင်းလာခဲ့ကြောင်းလည်း သိရသည်။အဆိုပါမတော်တဆမှုဖြစ်ပွားပြီးနောက် အသက်(၆ဝ) အရွယ် ဘတ်စ်ကားယာဥ်မောင်းအပါအဝင် လူ(၂)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် မတော် တဆမှုဖြစ်ပွားရာနေရာအနီးတွင် အလောင်းနှစ်လောင်းကို ဆယ်ယူရရှိခဲ့ပြီး အခြားအလောင်း(၄)လောင်းကို ဒီဇင်ဘာ(၂၅)ရက် နှောင်းပိုင်းတွင် မြစ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ဂလက်စီးယားဒေသ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက "ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေတဲ့ အလောင်းတွေအားလုံးကို ပြန်လည်တွေ့ရှိ ဆယ်ယူပြီးပါပြီ" ဟု ပြောဆိုခဲ့သည်။

အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ညပိုင်းတွင် ရပ်တန့်ခဲ့ရပြီး တောင်ပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ရဟတ်ယာဥ်တစ်စီး တို့၏အကူအညီဖြင့် အာရုဏ်တက်ချိန်တွင် ရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့ကြောင်း သိရ သည်။ အဆိုပါမတော်တဆမှုများဖြစ်ပွားပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပြီး ဘတ်စ်ကားထိုးကျခဲ့သော Lerez မြစ်ရေသည် သိသိသာသာမြင့်တက်လာခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို လက်ရှိအချိန်ထိ ရှင်းရှင်း လင်းလင်း မသိရှိရသေးသော်လည်း ရာသီဥတုဆိုးရွားမှုသည် မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းထဲမှ တစ်ခုဖြစ်နိုင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ 


Zawgyi Version;

စပိန္ႏိုင္ငံတြင္ ဘတ္စ္ကားတစ္စီးျမစ္ထဲသို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ လူ(၆)ဦး ေသဆုံး

Pika (NP News) - ဒီဇင္ဘာ ၂၆

စပိန္ႏိုင္ငံ အေနာက္ပိုင္းရွိ ဂလက္စီးယားေဒသတြင္ ဘတ္စ္ကားတစ္စီးသည္ တံတားတစ္ခုကိုျဖတ္ကူးေနစဥ္ ျမစ္ထဲသို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ လူ(၆)ဦးေသဆုံးၿပီး၊ (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ဒီဇင္ဘာ (၂၅)ရက္တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

အဆိုပါမေတာ္တဆမႈသည္ ဒီဇင္ဘာ(၂၄)ရက္ ညတြင္ ေပၚတူဂီႏိုင္ငံနယ္စပ္ရွိ ဗီဂိုၿမိဳ႕အနီးမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ အဆိုပါဘတ္စ္ကားေပၚတြင္ ဂလက္စီးယားေဒသ အလယ္ပိုင္းရွိ Monterroso အက်ဥ္းေထာင္မွာ အက်ဥ္းက်ေနသူမ်ားကို လာေရာက္ေတြ႕သည့္သူမ်ား လိုက္ပါစီးနင္းလာခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါမေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ အသက္(၆ဝ) အ႐ြယ္ ဘတ္စ္ကားယာဥ္ေမာင္းအပါအဝင္ လူ(၂)ဦးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားသည္ မေတာ္ တဆမႈျဖစ္ပြားရာေနရာအနီးတြင္ အေလာင္းႏွစ္ေလာင္းကို ဆယ္ယူရရွိခဲ့ၿပီး အျခားအေလာင္း(၄)ေလာင္းကို ဒီဇင္ဘာ(၂၅)ရက္ ေႏွာင္းပိုင္းတြင္ ျမစ္ထဲမွာ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ဂလက္စီးယားေဒသ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားက "ကယ္ဆယ္ေရးအဖြဲ႕ေတြက ေပ်ာက္ဆုံးေနတဲ့ အေလာင္းေတြအားလုံးကို ျပန္လည္ေတြ႕ရွိ ဆယ္ယူၿပီးပါၿပီ" ဟု ေျပာဆိုခဲ့သည္။

အဆိုပါ မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ၾကေသာ္လည္း ရာသီဥတုဆိုး႐ြားမႈေၾကာင့္ ညပိုင္းတြင္ ရပ္တန႔္ခဲ့ရၿပီး ေတာင္ေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ ရဟတ္ယာဥ္တစ္စီး တို႔၏အကူအညီျဖင့္ အာ႐ုဏ္တက္ခ်ိန္တြင္ ရွာေဖြကယ္ဆယ္‌ေရးလုပ္ငန္းမ်ားကို ျပန္လည္စတင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါမေတာ္တဆမႈမ်ားျဖစ္ပြားၿပီးေနာက္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေႏွာင့္ေႏွးခဲ့ရၿပီး ဘတ္စ္ကားထိုးက်ခဲ့ေသာ Lerez ျမစ္ေရသည္ သိသိသာသာျမင့္တက္လာခဲ့ေၾကာင္း အာဏာပိုင္ မ်ားက ေျပာၾကားခဲ့သည္။

အဆိုပါမေတာ္တဆမႈျဖစ္ပြားရသည့္အေၾကာင္းအရင္းကို လက္ရွိအခ်ိန္ထိ ရွင္းရွင္း လင္းလင္း မသိရွိရေသးေသာ္လည္း ရာသီဥတုဆိုး႐ြားမႈသည္ မေတာ္တဆမႈျဖစ္ပြားရသည့္အေၾကာင္းအရင္းထဲမွ တစ္ခုျဖစ္ႏိုင္ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။


Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး(၃၈) ဦးသေဆုံး

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved