• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
အကျဉ်းထောင်တပ်ကြပ်တစ်ဦးကို PDF အဖွဲ့မှ ဖမ်းဆီးထားပြီး ၎င်းအား ဌာနမှလည်း ခွင့်မဲ့ပျက်ကွက်အဖြစ် ကြေညာထားဟုဆို

 NP News - ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်ရှိ (၉)မိုင်အကျဉ်းထောင်တပ်ကြပ်တစ်ဦးကို PDF အဖွဲ့မှ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်)တွင် မြိတ်-ထားဝယ်ကားလမ်း၌ (၉)မိုင်အကျဉ်း ထောင်မှ ဦးစီးမှူးဖြစ်သူ သူရစိုးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင် PDF အဖွဲ့က ထုတ်ပြန်ထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေသည်။

ဦးသူရစိုးသည် (၉)မိုင်အကျဉ်းထောင်၏ ဦးစီးမှူးမဟုတ်ဘဲ အကျဉ်းထောင်တပ် ကြပ်အဖြစ်သာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

“သူက တာဝန်ခံတွေမဟုတ်ဘူး။ အရာရှိ မဟုတ်ဘူး။ တပ်ကြပ်သူရစိုးပေါ့။ ဒီဇင် ဘာလ၂၄ ရက်ကတည်းက ခွင့်မဲ့ပျက်ကွက်သွားတာ။ မနေ့ကပေါ့နော်။ အဆက် အသွယ်မရှိတဲ့အတွက် ဌာနက ခွင့်မဲ့ပျက်ကွက်ကြေညာလိုက်ပြီ။ အဲဒီမှာ သူ့မိသား စုလည်း မရှိတော့ဘူး။ သူ့ဟာသူ ပျောက်နေတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။ သို့သော် တပ်ကြပ်သူရစိုးအား PDF အဖွဲ့က ဖမ်းဆီးသွားခြင်းဟုတ်၊ မဟုတ်ကို အတိအကျမသိရ၍ အတည်မပြုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“အခုအချိန်ကတော့ လုံခြုံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ တပ်တို့၊ ရဲတို့၊ အကျဉ်းဦးစီးတို့ဆိုတာ အမြဲတမ်း တန်းစီတာကို။ လူ စစ်တဲ့အခါမှာ မရှိဘူးလေ။ မရှိတော့ ခွင့်မဲ့ပျက်ကွက်ကြေညာလိုက်တာပေါ့” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

(၉)မိုင်အကျဉ်းထောင်မှ တပ်ကြပ်သူရစိုးအား PDF အဖွဲ့မှ ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်များက NP News ကို အတည်ပြုပြောဆိုထားပြီး ၎င်းမှာ ကားနှင့်ထွက်ပြေးစဉ်အချိန် ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ အကျဉ်းဦးစီးဌာန ယူနီဖောင်းဝတ်ဆင်ထားသူအား (၉)မိုင်အကျဉ်းထောင်မှ ဦးစီးမှူးသူရစိုးဟုဆိုကာ ဖြန့်ဝေနေလျက်ရှိပြီး အမှန်တကယ်တွင် ၎င်းမှာ မကွေတိုင်း၌ တာဝန်ကျနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။


zawgyi version

အက်ဥ္းေထာင္တပ္ၾကပ္တစ္ဦးကို PDF အဖြဲ႕မွ ဖမ္းဆီးထားၿပီး ၎အား ဌာနမွလည္း ခြင့္မဲ့ပ်က္ကြက္အျဖစ္ ေၾကညာထားဟုဆို

NP News - ဒီဇင္ဘာ ၂၅

တနသၤာရီတိုင္း၊ ေကာ့ေသာင္းခ႐ိုင္ရွိ (၉)မိုင္အက်ဥ္းေထာင္တပ္ၾကပ္တစ္ဦးကို PDF အဖြဲ႕မွ ဖမ္းဆီးထားေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ (ဒီဇင္ဘာလ ၂၄ ရက္)တြင္ ၿမိတ္-ထားဝယ္ကားလမ္း၌ (၉)မိုင္အက်ဥ္း ေထာင္မွ ဦးစီးမႉးျဖစ္သူ သူရစိုးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ၿမိတ္ခ႐ိုင္ PDF အဖြဲ႕က ထုတ္ျပန္ထားသည္ဟု သတင္းမ်ားထြက္ေပၚလ်က္ရွိေနသည္။

ဦးသူရစိုးသည္ (၉)မိုင္အက်ဥ္းေထာင္၏ ဦးစီးမႉးမဟုတ္ဘဲ အက်ဥ္းေထာင္တပ္ ၾကပ္အျဖစ္သာ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

“သူက တာဝန္ခံေတြမဟုတ္ဘူး။ အရာရွိ မဟုတ္ဘူး။ တပ္ၾကပ္သူရစိုးေပါ့။ ဒီဇင္ ဘာလ၂၄ ရက္ကတည္းက ခြင့္မဲ့ပ်က္ကြက္သြားတာ။ မေန႔ကေပါ့ေနာ္။ အဆက္ အသြယ္မရွိတဲ့အတြက္ ဌာနက ခြင့္မဲ့ပ်က္ကြက္ေၾကညာလိုက္ၿပီ။ အဲဒီမွာ သူ႔မိသား စုလည္း မရွိေတာ့ဘူး။ သူ႔ဟာသူ ေပ်ာက္ေနတာေပါ့” ဟု အထက္ပါတာဝန္ရွိသူက ဆက္လက္ေျပာသည္။ သို႔ေသာ္ တပ္ၾကပ္သူရစိုးအား PDF အဖြဲ႕က ဖမ္းဆီးသြားျခင္းဟုတ္၊ မဟုတ္ကို အတိအက်မသိရ၍ အတည္မျပဳႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

“အခုအခ်ိန္ကေတာ့ လုံၿခဳံေရးအဖြဲ႕အစည္းေတြျဖစ္တဲ့ တပ္တို႔၊ ရဲတို႔၊ အက်ဥ္းဦးစီးတို႔ဆိုတာ အၿမဲတမ္း တန္းစီတာကို။ လူ စစ္တဲ့အခါမွာ မရွိဘူးေလ။ မရွိေတာ့ ခြင့္မဲ့ပ်က္ကြက္ေၾကညာလိုက္တာေပါ့” ဟု တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူက ေျပာသည္။

(၉)မိုင္အက်ဥ္းေထာင္မွ တပ္ၾကပ္သူရစိုးအား PDF အဖြဲ႕မွ ဖမ္းဆီးသြားျခင္းျဖစ္ ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္မ်ားက NP News ကို အတည္ျပဳေျပာဆိုထားၿပီး ၎မွာ ကားႏွင့္ထြက္ေျပးစဥ္အခ်ိန္ ပုေလာၿမိဳ႕နယ္၊ သကၤန္းေတာေက်း႐ြာ၌ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း ေျပာဆိုထားသည္။

လက္ရွိတြင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ အက်ဥ္းဦးစီးဌာန ယူနီေဖာင္းဝတ္ဆင္ထားသူအား (၉)မိုင္အက်ဥ္းေထာင္မွ ဦးစီးမႉးသူရစိုးဟုဆိုကာ ျဖန႔္ေဝေနလ်က္ရွိၿပီး အမွန္တကယ္တြင္ ၎မွာ မေကြတိုင္း၌ တာဝန္က်ေနသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

အာဖဂန် တာလီဘန်တို့က အမျိုးသမီး NGO ဝန်ထမ်းများကို တားမြစ်ပိတ်ပင်ထားပြန်

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved