• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
စစ်ရေယာဉ်(၅)စီး တပ်တော်ဝင်ခဲ့ပြီး ရေယာဉ်ကိုယ်ထည်ဒီဇိုင်းများကို ကိုယ်ပျောက်နည်းပညာဖြင့်ပါ တည်ဆောက်နိုင်ပြီဟု တပ်မတော်(ရေ) ထုတ်ဖော်အသိပေး

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၅

စစ်ရေယာဉ်(၅)စီး တပ်တော်ဝင်ခဲ့ပြီး စစ်ရေယာဉ်ကိုယ်ထည်ဒီဇိုင်းများကို ကိုယ်ပျောက်နည်းပညာဖြင့်ပါ တည်ဆောက်နိုင်ပြီဖြစ်ကြောင်း တပ်မတော် (ရေ)က ထုတ်ဖော်အသိပေးထားသည်။

ရန်ကုန်မြို့၌ ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါကဲ့သို့ ထည့်သွင်းကာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

၎င်းအခမ်းအနားတွင် တပ်မတော်(ရေ)မှ ထုတ်လုပ်ထားသည့် အမြန်သွားကင်းလှည့်ရေယာဉ် (၂)စီး၊ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ် (၂)စီးနှင့် ရေသယ်ရေယာဉ်တစ်စီး တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။ ထိုသို့တပ်တော်ဝင်ခဲ့သော ရေယာဉ်များအနက် Super Dvora အမြန်သွားကင်းလှည့်ရေယာဉ်နှစ်စီးသည် ပြည်ပမှ နည်းပညာလွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ) မှ အင်ဂျင်နီယာများဖြင့် နည်းပညာမြင့်တည်ဆောက်ထားသည့် စစ်ရေယာဉ်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် အမြန်သွားကင်းလှည့်ရေယာဉ်သည် ရေမိုင် (၄ဝ) ကျော် မြန်နှုန်းမြင့်ခုတ်မောင်းနိုင်ပြီး ရန်သူ့ရေတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်နိုင်သည့် တာဝန်များကိုပါ ထမ်းဆောင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ်နှစ်စီးသည် တပ်မတော် (ရေ)အတွက် ပဉ္စမနှင့် ဆဋ္ဌမမြောက်ဖြစ်ကြောင်း သိရသည်။

၎င်းအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်ရန်အတွက် စစ်ရေယာဉ် အသင့်ဖြစ်မှု၊ လက်နက်နှင့် လက် နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုတို့ဖြင့် ပြည့်စုံရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ခြိမ်းခြောက်မှုများကို တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိရန် ဖရီးဂိတ်စစ်ရေယာဉ်မှအစ မြစ်တွင်းအမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်များကိုပါ အမျိုးအစားစုံလင်စွာ စီမံဆောင်ရွက်ပေးထားပြီး ရေယာဉ်ကိုယ်ထည်ဒီဇိုင်းများကိုလည်း ကိုယ်ပျောက်နည်း ပညာ(Stealth Technology) ဒီဇိုင်းအထိ အဆင့်ဆင့်ပြောင်းလဲခဲ့ကာ ကိုယ်တိုင်တည်ဆောက်လာနိုင်ပြီဖြစ်ကြောင်း ၎င်းက ထုတ်ဖော်အသိပေးထားသည်။

လက်ရှိတွင် တပ်မတော်(ရေ)၌ ရေငုပ်သင်္ဘောနှစ်စီး ပိုင်ဆိုင်ထားပြီး ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ်များကိုလည်း လက်ဝယ် ပိုင်ဆိုင်ထားကြောင်း သိရသည်။


zawgyi version

စစ္ေရယာဥ္(၅)စီး တပ္ေတာ္ဝင္ခဲ့ၿပီး ေရယာဥ္ကိုယ္ထည္ဒီဇိုင္းမ်ားကို ကိုယ္ေပ်ာက္နည္းပညာျဖင့္ပါ တည္ေဆာက္ႏိုင္ၿပီဟု တပ္မေတာ္(ေရ) ထုတ္ေဖာ္အသိေပး

မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၅

စစ္ေရယာဥ္(၅)စီး တပ္ေတာ္ဝင္ခဲ့ၿပီး စစ္ေရယာဥ္ကိုယ္ထည္ဒီဇိုင္းမ်ားကို ကိုယ္ေပ်ာက္နည္းပညာျဖင့္ပါ တည္ေဆာက္ႏိုင္ၿပီျဖစ္ေၾကာင္း တပ္မေတာ္(ေရ)က ထုတ္ေဖာ္အသိေပးထားသည္။

ရန္ကုန္ၿမိဳ႕၌ က်င္းပသည့္ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္(ေရ)ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္အခမ္းအနားတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အထက္ပါကဲ့သို႔ ထည့္သြင္းကာ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းလည္းျဖစ္သည္။

၎အခမ္းအနားတြင္ တပ္မေတာ္(ေရ)မွ ထုတ္လုပ္ထားသည့္ အျမန္သြားကင္းလွည့္ေရယာဥ္ (၂)စီး၊ တပ္ဖြဲ႕တင္ကမ္းထိုးေရယာဥ္ (၂)စီးႏွင့္ ေရသယ္ေရယာဥ္တစ္စီး တပ္ေတာ္ဝင္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔တပ္ေတာ္ဝင္ခဲ့ေသာ ေရယာဥ္မ်ားအနက္ Super Dvora အျမန္သြားကင္းလွည့္ေရယာဥ္ႏွစ္စီးသည္ ျပည္ပမွ နည္းပညာလႊဲေျပာင္းရယူခဲ့ၿပီး တပ္မေတာ္(ေရ) မွ အင္ဂ်င္နီယာမ်ားျဖင့္ နည္းပညာျမင့္တည္ေဆာက္ထားသည့္ စစ္ေရယာဥ္ျဖစ္ ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ထို႔ျပင္ အျမန္သြားကင္းလွည့္ေရယာဥ္သည္ ေရမိုင္ (၄ဝ) ေက်ာ္ ျမန္ႏႈန္းျမင့္ခုတ္ေမာင္းႏိုင္ၿပီး ရန္သူ႔ေရတပ္ဖြဲ႕ကို ၾကားျဖတ္တိုက္ခိုက္ႏိုင္သည့္ တာဝန္မ်ားကိုပါ ထမ္းေဆာင္ႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။ အဆိုပါ Super Dvora အျမန္သြားကင္းလွည့္ေရယာဥ္ႏွစ္စီးသည္ တပ္မေတာ္ (ေရ)အတြက္ ပၪၥမႏွင့္ ဆ႒မေျမာက္ျဖစ္ေၾကာင္း သိရသည္။

၎အခမ္းအနားတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တပ္မေတာ္(ေရ)ကို တိုက္ပြဲဝင္အသင့္ျဖစ္ရန္အတြက္ စစ္ေရယာဥ္ အသင့္ျဖစ္မႈ၊ လက္နက္ႏွင့္ လက္ နက္စနစ္အသင့္ျဖစ္မႈ၊ ေရတပ္သားအသင့္ျဖစ္မႈတို႔ျဖင့္ ျပည့္စုံေရး ျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။ ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္တိုက္ခိုက္ႏိုင္စြမ္းရွိရန္ ဖရီးဂိတ္စစ္ေရယာဥ္မွအစ ျမစ္တြင္းအျမန္သြားတိုက္ခိုက္ေရး စစ္ေရယာဥ္မ်ားကိုပါ အမ်ိဳးအစားစုံလင္စြာ စီမံေဆာင္႐ြက္ေပးထားၿပီး ေရယာဥ္ကိုယ္ထည္ဒီဇိုင္းမ်ားကိုလည္း ကိုယ္ေပ်ာက္နည္း ပညာ(Stealth Technology) ဒီဇိုင္းအထိ အဆင့္ဆင့္ေျပာင္းလဲခဲ့ကာ ကိုယ္တိုင္တည္ေဆာက္လာႏိုင္ၿပီျဖစ္ေၾကာင္း ၎က ထုတ္ေဖာ္အသိေပးထားသည္။

လက္ရွိတြင္ တပ္မေတာ္(ေရ)၌ ေရငုပ္သေဘၤာႏွစ္စီး ပိုင္ဆိုင္ထားၿပီး ဒုံးပ်ံတင္ဖရီးဂိတ္စစ္ေရယာဥ္မ်ားကိုလည္း လက္ဝယ္ ပိုင္ဆိုင္ထားေၾကာင္း သိရသည္။


Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

တောင်အာဖရိကမှာ လောင်စာဆီတင်ကားတစ်စီး ပေါက်ကွဲမှုကြောင့် လူ ၁ဝ ဦး သေဆုံး

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved