• 1 USD 2810 MMK
  • test hot page test name for hot banner
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
အိမ်ရှင်စင်ကာပူကို ရှုံးနိမ့်ပြီး အုပ်စုတက်ဖို့ မသေချာတော့တဲ့ မြန်မာလက်ရွေးစင်အသင်း

ရဲပြည့် (NP News) - ဒီဇင်ဘာ ၂၅

မြန်မာ့လက်ရွေးစင်အသင်းဟာ AFF Mitsubishi Electric Cup 2022 အုပ်စု ဒုတိယမြောက် ပွဲစဉ်ကို အဝေးကွင်းပွဲစဉ်အဖြစ် စင်ကာပူ အသင်းနဲ့ မနေ့ည(ဒီဇင်ဘာလ ၂၄ ရက်)က ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် အသင်းအား (၃ - ၂) ဂိုးဖြင့် အရေးနိမ့်ခဲ့တာကြောင့် အုပ်စုတက်ဖို့ မသေချာတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်တွေမှာ (၇)မှတ်ရမှသာ အုပ်စုကနေတက်ရမှာဖြစ်တဲ့အတွက် မြန်မာအသင်းအနေနဲ့ လာအို၊ ဗီယက်နမ်အသင်းတို့နဲ့ ကစားရဖို့ရှိနေတာကြောင့် လာအိုအသင်းကို နိုင်ရင်တောင် ဗီယက်နမ်ကို နိုင်ဖို့မသေချာတဲ့အပြင် အုပ်စုမှာလည်း အိမ်ကွင်းမှာ မလေးရှားအသင်းကို (၁- ဝ)ဂိုးနဲ့ရှုံးသလို အဝေးကွင်းမှာစင်ကာပူကို (၃-၂)ဂိုးနဲ့ရှုံးကာ (၂)ပွဲလုံးရှုံးပြီး (၁)မှတ်တောင်မရသေးတဲ့အနေအထားကြောင့် အုပ်စုတက်ဖို့ကတော့ တကယ်ကို မသေချာတော့တာလည်း ဖြစ်ပါတယ်။ စင်ကာပူနဲ့ ကန်ခဲ့တဲ့ မြန်မာအသင်းရဲ့ ခြေစွမ်းပိုင်းကို ကြည့်ရင် မြန်မာအသင်းကစားသမားတွေအတွက် အကောင်းကြီးလို့ ပြောလို့မရပေမယ့်လည်း အရင်ထက်စာရင် တိုးတက်လာတယ်လို့ ပြောလို့ရတဲ့အနေအထားဖြစ်ပါတယ်။

ပြောစရာအနေနဲ့ကတော့ ကစားသမားတွေဟာ စင်ကာပူအသင်းကို ကိုယ့်ဘက်က ဦးဆောင်ဂိုးရနေတဲ့အချိန်မှာ ပွဲကို ထိန်းကန်ရမယ့်အခြေအနေမှာ ဖွင့်ကန်လိုက်တာကြောင့်လည်း ချေပဂိုးတွေ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရတဲ့အနေအထားပါ။ ကစား သမားတွေအနေနဲ့ ရင့်ကျက်ဖို့လိုနေသေးပြီး ကိုယ့်အသင်းရှုံးနေတဲ့အချိန်မှာ အနီကတ်နဲ့ထွက်ခဲ့ရတာကလည်း ကစားသမားတွေဟာ အသိစိတ်ကို မထိန်းချုပ်နိုင်သေးတာကို တွေ့ရပါတယ်။ ဂိုးသမားရဲ့အမှားကလည်း ဒီပွဲရဲ့အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် မြန်မာအသင်းအနေနဲ့ ပြည်ပလိဂ်က ကစားသမား(၆)ယောက်နဲ့ ပြည် တွင်းလိဂ်က ကစားသမားတွေရဲ့ပေါင်းစပ်မှုဟာ အထိုက်အလျောက်တိုးတက်လာတာကတော့ သေချာပါတယ်။ နိုင်လိုစိတ်တွေကိုလည်း အသင်းကစားသမားတွေဆီမှာတွေ့နေရပါပြီ။

"ခရစ္စမတ် ကာလ အနိုင်နဲ့ တစ်သင်းလုံးပျော်ရွှင်စေချင်ပါတယ်။ ကစားသမားတွေကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါတယ်။ တစ်ဦးချင်း အမှားကြောင့်သာ ဒီနေ့ပွဲ နိုင်ပွဲမရခဲ့ဘဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဂိုးသမား အနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် တစ်ယောက်မှာ ရှိနေရမယ့် အစွမ်းအစမျိုး မထုတ်ပြနိုင်ခဲ့ဘဲ အမှားတချို့လုပ်မိခဲ့တယ်။ တစ်သင်းလုံး ဒီနေ့ ကစားပုံ သိပ်ကောင်းခဲ့သလို ဂိုးရနိုင်မယ့် ဖန်တီးမှုတွေ၊ ဂိုးကန်ချက်တွေကိုလည်း အများကြီး လုပ်နိုင်ခဲ့ပါတယ်” ဟု မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးက သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စု တတိယမြောက်ပွဲအား လာအို အသင်းနှင့် အိမ်ကွင်းပွဲစဉ်အဖြစ် လာမည့် ဒီဇင်ဘာလ ၃ဝ ရက်တွင် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။


zawgyi version

အိမ္ရွင္စင္ကာပူကို ရႈံးနိမ့္ၿပီး အုပ္စုတက္ဖို႔ မေသခ်ာေတာ့တဲ့ ျမန္မာလက္ေ႐ြးစင္အသင္း

ရဲျပည့္ (NP News) - ဒီဇင္ဘာ ၂၅

ျမန္မာ့လက္ေ႐ြးစင္အသင္းဟာ AFF Mitsubishi Electric Cup 2022 အုပ္စု ဒုတိယေျမာက္ ပြဲစဥ္ကို အေဝးကြင္းပြဲစဥ္အျဖစ္ စင္ကာပူ အသင္းနဲ႔ မေန႔ည(ဒီဇင္ဘာလ ၂၄ ရက္)က ယွဥ္ၿပိဳင္ကစားခဲ့ရာ အိမ္ရွင္ အသင္းအား (၃ - ၂) ဂိုးျဖင့္ အေရးနိမ့္ခဲ့တာေၾကာင့္ အုပ္စုတက္ဖို႔ မေသခ်ာေတာ့တဲ့ အေနအထားကို ေရာက္ရွိသြားခဲ့ပါတယ္။

ေနာက္ထပ္ပြဲစဥ္ေတြမွာ (၇)မွတ္ရမွသာ အုပ္စုကေနတက္ရမွာျဖစ္တဲ့အတြက္ ျမန္ မာအသင္းအေနနဲ႔ လာအို၊ ဗီယက္နမ္အသင္းတို႔နဲ႔ ကစားရဖို႔ရွိေနတာေၾကာင့္ လာအိုအသင္းကို ႏိုင္ရင္ေတာင္ ဗီယက္နမ္ကို ႏိုင္ဖို႔မေသခ်ာတဲ့အျပင္ အုပ္စုမွာလည္း အိမ္ကြင္းမွာ မေလးရွားအသင္းကို (၁- ဝ)ဂိုးနဲ႔ရႈံးသလို အေဝးကြင္းမွာစင္ကာပူကို (၃-၂)ဂိုးနဲ႔ရႈံးကာ (၂)ပြဲလုံးရႈံးၿပီး (၁)မွတ္ေတာင္မရေသးတဲ့အေနအထားေၾကာင့္ အုပ္စုတက္ဖို႔ကေတာ့ တကယ္ကို မေသခ်ာေတာ့တာလည္း ျဖစ္ပါတယ္။ စင္ကာပူနဲ႔ ကန္ခဲ့တဲ့ ျမန္မာအသင္းရဲ႕ ေျခစြမ္းပိုင္းကို ၾကည့္ရင္ ျမန္မာအသင္းကစားသမားေတြအတြက္ အေကာင္းႀကီးလို႔ ေျပာလို႔မရေပမယ့္လည္း အရင္ထက္စာရင္ တိုးတက္လာတယ္လို႔ ေျပာလို႔ရတဲ့အေနအထားျဖစ္ပါတယ္။

ေျပာစရာအေနနဲ႔ကေတာ့ ကစားသမားေတြဟာ စင္ကာပူအသင္းကို ကိုယ့္ဘက္က ဦးေဆာင္ဂိုးရေနတဲ့အခ်ိန္မွာ ပြဲကို ထိန္းကန္ရမယ့္အေျခအေနမွာ ဖြင့္ကန္လိုက္တာေၾကာင့္လည္း ေခ်ပဂိုးေတြ အႏိုင္ဂိုးေတြ ျပန္ေပးလိုက္ရတဲ့အေနအထားပါ။ ကစား သမားေတြအေနနဲ႔ ရင့္က်က္ဖို႔လိုေနေသးၿပီး ကိုယ့္အသင္းရႈံးေနတဲ့အခ်ိန္မွာ အနီကတ္နဲ႔ထြက္ခဲ့ရတာကလည္း ကစားသမားေတြဟာ အသိစိတ္ကို မထိန္းခ်ဳပ္ႏိုင္ေသးတာကို ေတြ႕ရပါတယ္။

ဂိုးသမားရဲ႕အမွားကလည္း ဒီပြဲရဲ႕အလွည့္အေျပာင္းတစ္ခုျဖစ္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ျမန္မာအသင္းအေနနဲ႔ ျပည္ပလိဂ္က ကစားသမား(၆)ေယာက္နဲ႔ ျပည္ တြင္းလိဂ္က ကစားသမားေတြရဲ႕ေပါင္းစပ္မႈဟာ အထိုက္အေလ်ာက္တိုးတက္လာတာကေတာ့ ေသခ်ာပါတယ္။ ႏိုင္လိုစိတ္ေတြကိုလည္း အသင္းကစားသမားေတြဆီမွာေတြ႕ေနရပါၿပီ။

"ခရစၥမတ္ ကာလ အႏိုင္နဲ႔ တစ္သင္းလုံးေပ်ာ္႐ႊင္ေစခ်င္ပါတယ္။ ကစားသမားေတြႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳပါတယ္။ တစ္ဦးခ်င္း အမွားေၾကာင့္သာ ဒီေန႔ပြဲ ႏိုင္ပြဲမရခဲ့ဘဲ အရႈံးေပးခဲ့ရတာ ျဖစ္ပါတယ္။ ဂိုးသမား အေနနဲ႔ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ တစ္ေယာက္မွာ ရွိေနရမယ့္ အစြမ္းအစမ်ိဳး မထုတ္ျပႏိုင္ခဲ့ဘဲ အမွားတခ်ိဳ႕လုပ္မိခဲ့တယ္။ တစ္သင္းလုံး ဒီေန႔ ကစားပုံ သိပ္ေကာင္းခဲ့သလို ဂိုးရႏိုင္မယ့္ ဖန္တီးမႈေတြ၊ ဂိုးကန္ခ်က္ေတြကိုလည္း အမ်ားႀကီး လုပ္ႏိုင္ခဲ့ပါတယ္” ဟု ျမန္မာအသင္းနည္းျပ အန္တြမ္နီေဟးက သတင္းစာရွင္းလင္းပြဲမွာ ေျဖၾကားခဲ့ပါတယ္။

ျမန္မာ့လက္ေ႐ြးစင္အသင္းဟာ အုပ္စု တတိယေျမာက္ပြဲအား လာအို အသင္းႏွင့္ အိမ္ကြင္းပြဲစဥ္အျဖစ္ လာမည့္ ဒီဇင္ဘာလ ၃ဝ ရက္တြင္ ယွဥ္ၿပိဳင္ကစားမွာ ျဖစ္ပါတယ္။


Comments :

0 comments

PREVIOUS

ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်

Next

တိုက်ခိုက်ရေးရေငုပ်သင်္ဘောနှစ်စီး ပိုင်ဆိုင်ထားပြီး ဒုံးပျံတင်ဖရီးဂိတ်များကိုပါ ထုတ်လုပ်နိုင်ပြီဖြစ်၍ တိုက်ပွဲဝင်နိုင်စွမ်းအဆင့်သို့ ရောက်နေပြီဟု တပ်ချုပ်အသိပေး

RECENT POSTS
Encode Video Test
19 Mar 2024
Video Test
19 Mar 2024
နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်...
22 Jan 2024
test
26 Aug 2023
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပု...
22 Jun 2023
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင...
22 Jun 2023
adfadfadfasdf
22 Jun 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် စစ်တွေမြို့၏ အနီးမ...
15 May 2023
အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်...
10 May 2023
အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြ...
09 May 2023
ရုရှားနိုင်ငံမှာ ဘီလျံနာအရေအတွက် ပိုမိုများပြားလာန...
26 Apr 2023
ယာဉ်တိုက်မှုပေါင်း အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်းလ...
25 Apr 2023
ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများ၌ လာမည့် မေလဆ...
25 Apr 2023
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်...
25 Apr 2023
ထုတ်ကုန်များသည် GMP/GAP ပေါ်မူတည်ပြီး ပစ္စည်းတူပေမ...
18 Mar 2023
ပဲခူးတိုင်းအတွင်း ကြိုးဆွဲချအဆုံးစီရင်မှု နှစ်ရက်ဆ...
16 Mar 2023
ခရီးသည်တင်ကားပေါ်မှ AK-47 သေနတ်အပါအဝင် စုစုပေါင်းသ...
14 Mar 2023
ဒလတံတားစီမံကိန်းတွင် သံမဏိယက်မများ တပ်ဆင်မည်ဖြစ်၍...
13 Mar 2023
မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက...
13 Mar 2023
မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ...
13 Mar 2023
FOLLOW US

Copyright © Myanmar Daily Times | All Right Reserved